တောင်ကိုရီးယားမှာ  ကြိုတင်မဲ ၁၁၈မဲနဲ့ NLD ပါတီဦးဆောင်နေတယ်ဆိုတဲ့ သတင်းအမှား

တောင်ကိုရီးယားမှာ  ကြိုတင်မဲ ၁၁၈မဲနဲ့ NLD ပါတီဦးဆောင်နေတယ်ဆိုတဲ့ သတင်းအမှား

လာမည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲ အရေအတွက်အနေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ကြိုတင်မဲ ၁၁၈မဲနဲ့ NLDပါတီက ဦးဆောင်နေတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ကို ပြောပြပေးချင်ပါတယ်။

ဒီသတင်းအမှားကိုတော့ လမင်းအိမ်ဆိုတဲ့ အကောင့်ပိုင်ရှင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရွှေရောင်မျိုးဆက်များဆိုတဲ့ ဖေ့စ်ဘုတ် ဂရုမှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

မူရင်းတင်သူလို့ယူဆရတဲ့ စိုးမိုးအောင်မိုးဆိုတဲ့ အကောင့်ပိုင်ရှင်ဆီက စခရင်ရှော့နဲ့ တကွ ပြန်လည် ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ဒီပို့စ်မှာ Likeလုပ်သူ ၂၅၀၀၊ ပြန်လည်မျှဝေသူ ၁ထောင်ကျော်နဲ့ မှတ်ချက်ပေးသူ ၃ရာကျော်ရှိခဲ့ပါတယ်။

ဒီသတင်းဘာ့ကြောင့်မှားနေတာလဲ။ ဆုမြတ်မေဇော်က ဆက်လက်တင်ဆက်ပေးမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly