ကမာရွတ်မြို့နယ်က တိုက်ခန်းတွေကို Lockdownချထားတယ်ဆိုတဲ့ သတင်းအမှား(Ep 18 Segment 1)

ကမာရွတ်မြို့နယ်က တိုက်ခန်းတွေကို Lockdownချထားတယ်ဆိုတဲ့ သတင်းအမှား(Ep 18 Segment 1)

ရခိုင်ပြည်နယ်မှာ ကိုဗစ်၁၉ ကူးစက်လူနာတွေ ပြန်လည်တွေ့ရှိလာတဲ့နောက်မှာတော့ ကိုဗစ် ၁၉နဲ့ပတ်သက်တဲ့ သတင်းအမှားတွေက တစ်ဖန်ပြန်လည်ထွက်ပေါ်လာပါတယ်။ အခုပြောပြချင်တဲ့ သတင်းအမှားကတော့ လူနာနံပါတ် ၄၆၄၊ ၄၆၅နဲ့ပတ်သက်တဲ့ သတင်းအမှားပါ။ 

ဩဂုတ် ၂၄ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘုတ်ချ်ကနေ ကိုဗစ် ၁၉ပိုးတွေ့လူနာတွေကို ထုတ်ပြန်တဲ့အထဲမှာ လူနာနံပါတ် ၄၆၄နဲ့ ၄၆၅ ပါဝင်ခဲ့ပါတယ်။ 

ဒီအတည်ပြုလူနာနှစ်ဦးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ ရန်ကုန်ကို ပြန်လာခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပို့စ်အောက်မှာတော့ လူနာနံပါတ် ၄၆၄၊ ၄၆၅နဲ့ ပတ်သက်လို့ ဂျိမ်းစ်ဆိုတဲ့ အကောင့်ပိုင်ရှင်က အခုလိုမှတ်ချက်ပေးခဲ့ပါတယ်။ 

“ကျွန်တော်တို့ရပ်ကွက်ထဲကဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့ ၂ရက်ကခေါ်သွားတာ အမျိုးသမီးနှစ်ယောက်။ တစ်ယောက် က အိမ်အောက်မုန့်ထွက်ဝယ်ရင်း မုန့်ဆိုင်ရောဘေးအိမ်ကပါ အကြောင်းကြားလို့ Quarantineဝင်ဖို့ လာခေါ်သွား တာပါ။ အခုသူတို့နေခဲ့တဲ့ တိုက်နှစ်ခုလုံးကို Lockdownချထားပါတယ်။ နှစ်ယောက်လုံး စစ်တွေကပြန်လာတာပါ။ နေရာက ကမာရွတ်၊ ပြည်ရိပ်မွန်အိမ်ရာ ၇ရပ်ကွက်ပါ”ဆိုပြီး ရေးသားထားပါတယ်။ 

သူမှတ်ချက်ပေးပုံအရ အတည်ပြုလူနာနံပါတ် ၄၆၄ နဲ့ ၄၆၅ဟာ စစ်တွေကနေရန်ကုန်ကို ပြန်လာရာမှာ Qမဝင်ဘဲ အိမ်ကိုတန်းပြန်လာတာမျိုး ရေးထားတာပါ။ Lockdownလည်းချထားတယ်ဆိုပြီးပါရှိပါတယ်။ 

ဒီသတင်းဘာကြောင့်မှားနေလဲ။ 
ဆုမြတ်မေဇော်က ဆက်လက်တင်ဆက်ပေးမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly