NLDနဲ့ ဆင်တူတဲ့ပါတီတံဆိပ်တွေ တကယ်ရှိလား(Ep 18 Segment 2)

NLDနဲ့ ဆင်တူတဲ့ပါတီတံဆိပ်တွေ တကယ်ရှိလား(Ep 18 Segment 2)

အခုတင်ဆက်ပေးမယ့်သတင်းအမှားတွေကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအမှားတစ်ခုပါ။ 

ဒါကတော့ NLDပါတီနဲ့ ဆင်တူတဲ့ တံဆိပ်တွေ ရှိတယ်ဆိုတဲ့ သတင်းအမှားပါ။ 

သီသီခိုင်ဆိုတဲ့ အကောင့်ပိုင်ရှင်က ဇူလိုင်လ ၁၃ရက်နေ့က ဒီသတင်းအမှားကို စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ 

အကြောင်းအရာကတော့ ရွေးကောက်ပွဲအတွက် အတော်လေးသတိထားရမယ့်ကိစ္စပါ။ ၁နဲ့၄က ဆင်တူပါတယ်။ တော်တန်ယုံလူအဖို့ NLDတံဆိပ်နဲ့မှားနိုင်ပါတယ်။ NLDရဲ့တံဆိပ်ဟာ နံပါတ် ၁ဖြစ်ပါတယ်ဆိုပြီး ပုံနှင့်တကွဖော်ပြ ပါရှိပါတယ်။ 

ဒီသတင်းအမှားဟာ ပြီးခဲ့တဲ့လတွေထဲကနေ ခုထိဆက်လက်ပြန့်နေဆဲဖြစ်ပါတယ်။ Like လုပ်သူ ၁ထောင်ကျော်၊ မှတ်ချက်ပေးသူ ၂ရာကျော်နဲ့ ပြန်လည်မျှဝေသူဟာ ၇ထောင်နီးပါးရှိခဲ့ပါပြီ။ 

တင်ဆက်- ဆုမြတ်မေဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly