သီတဂူဆရာတော်ကြီး ကိုဗစ်ရောဂါပိုးခံစားနေရတယ်ဆိုတဲ့ သတင်းအမှားကိုပြောပြပေးချင်ပါတယ်။
ရှိုင်းသူအောင်ဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်က မသုံးဖြစ်လို့ပိုနေတာလေးတွေ ရောင်းဝယ်ကြမယ်ဆိုတဲ့ ဂရုထဲမှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
အကြောင်းအရာကတော့ ရန်ကုန်မြို့ COVID-19 စစ်ဆေးရာဌာနသို့ သီတဂူဆရာတော်ကြီး လာရောက်အစစ်အဆေး ခံရာတွင်ယနေ့ည ဆေးစစ်ချက်အဖြေများအရ ဆရာတော်ကြီးမှာ ကိုဗစ်ရောဂါကို ခံစား နေရကြောင်း
ဆရာတော်ကြီးခံစားနေရသော ကိုဗစ်ရောဂါမှာCOVID-19 ၏အဆင့်အမြင့်ဆုံးဖြစ်သော #blackpigcovitvirus ဖြစ်ပြီးပျောက်ကင်းဖို့ရာမဖြစ်နိုင်နိုင်ကြောင်း စသဖြင့် ရေးသားထားပါတယ်။
ဆုမြတ်မေဇော်က ဆက်လက်တင်ဆက်ပေးမှာပါ။