ပြည်ခိုင်ဖြိုးပါတီက မန္တလေးမှာ တစ်အိမ်တက်တစ်အိမ်ဆင်း မဲဆွယ်ရာ အိမ်အများစုက အဝင်မခံဘူးဆိုတဲ့ သတင်းအမှား  

ပြည်ခိုင်ဖြိုးပါတီက မန္တလေးမှာ တစ်အိမ်တက်တစ်အိမ်ဆင်း မဲဆွယ်ရာ အိမ်အများစုက အဝင်မခံဘူးဆိုတဲ့ သတင်းအမှား  

(Episode 20 Segment 3)

စက်တင်ဘာ ၈ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီတွေ မဲဆွယ်စည်းရုံးရေး ပြုလုပ်ကြတဲ့နေ့ပဲဖြစ်ပါတယ်။  

ဒီတစ်ခါပြောပြပေးမှာကတော့ စက်တင်ဘာ ၈ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဟာ မန္တလေးမြို့မှာ တစ်အိမ်တက်တစ်အိမ်ဆင်းမဲဆွယ်မှုပြုလုပ်ခဲ့ပေမယ့် အိမ်အများစုက အဝင်မခံဘူးဆိုတဲ့ သတင်းအမှား ကို ပြောပြပေးမှာပါ။  

ဒီသတင်းအမှားကိုတော့ Red Zaw ဆိုတဲ့ အကောင့်ပိုင်ရှင်က Eleven မီဒီယာက တင်ထားတဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြခဲ့တာဖြစ်ပါတယ်။  
ဒီလိုကူးယူဖော်ပြရာမှာ Eleven မှာဖော်ပြထားခြင်းမရှိတဲ့ အမရပူရမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်အောင်ထက်ရဲ့ ပြောစကားတစ်ခုကို ထည့်သွင်းရေးသားခဲ့ပါတယ်။  

ဆုမြတ်မေဇော်က ဆက်လက်တင်ဆက်ပေးပါ့မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly