ထာဝရငြိမ်းချမ်းရေးလျှောက်လှမ်းမယ်ဆိုရင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ဖို့ “ဝ” နဲ့ မိုင်းလားတပ်ဖွဲ့တွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောကြားခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ စက်တင်ဘာ ၅ ရက်ကနေ ၉ ရက်နေ့အထိ ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ် သွားရောက်ခဲ့တဲ့အချိန် “ဝ” အဖွဲ့က တာချီလိတ်မြို့မှာ လာရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး မိုင်းလားအဖွဲ့ ကတော့ ကျိုင်းတုံမြို့မှာ လာရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
တည်းဖြတ် / တင်ဆက် - စိုးသူအောင်