နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးကုဆရာဝန်တစ်ယောက်နဲ့ မေ့ဆေးဆရာဝန်တစ်ယောက် COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရမူ ကတစ်ဆင့် မိသားစုဝင် ငါးဦးကို ကူးစက်ခံခဲ့ရပါတယ်။ ဆရာဝန်တွေနဲ့ ထိစပ်ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုတော့ Hospital Quarantine ဝင်ပြီးစောင့်ကြည့် နေတယ်လို့ နေပြည်တော်ကောင်စီနယ်မြေ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ်- သန်ထိုက်အောင်