ပြီးခဲ့တဲ့ ငါးမဖမ်းရ ရာသီ ဖြစ်တဲ့ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတို့မှာ ၃ လတာ ရပ်နားခဲ့တဲ့ ကမ်းဝေး ငါးဖမ်းလှေတွေဟာ အခု စတင်ဘာလ ၁ ရက်နေ့မှာ စတင်ပြီး၊ မြန်မာ့ ပင်လယ်ပြင် ဖြစ်တဲ့ ငါးဖမ်း လုပ်ကွက်တွေကို ပြန်လည် ထွက်ခွါတော့မှာ ဖြစ်ပါတယ်။ အခုလို COVID-19 ကူးစက် ရောဂါ ဒုတိယလှိုင်း ပြန်လည် ဖြစ်ပွားနေချိန်မှာ ရေလုပ်ငန်းရှင်တွေ အနေနဲ့ အခက်အခဲ တချို့ ရှိနေတာ ဖြစ်လို့ ငါးဖမ်းလှေတွေကို အားလုံးနီးပါး ထွက်ခွါတော့မှာ မဟုတ်ဘူးလို့ ရေလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
ရိုက်ကူး/ တည်းဖြတ် - ဒီမိုးသွေး (မြိတ်)