မဲဆန္ဒရှင်တွေရဲ့ ဒုတိယအကြိမ်မဲစာရင်းကပ်ကြေညာခြင်းကို စက်တင်ဘာလ ၂၀ နေ့မှာ ထပ်ပြီးကပ်ပေးသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။ ရန်ကုန်တိုင်းမှာပထမအကြိမ်မဲစာရင်းကပ်ချိန်အတွင်း ပုံစံသုံး၊ ပုံစံလေးနဲ့လာရောက်လျှောက်ထားပြင်ဆင်သူပေါင်းသုံးသိန်းရှစ်သောင်းကျော်ရှိတယ်လို့ ရန်ကုန်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကပြောပါတယ်။
ရိုက်ကူး / တည်းဖြတ် - လင်းဆက်အောင်