ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တိုင်ပေ ခရီးစဉ် ရောက်ရှိ

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တိုင်ပေ ခရီးစဉ် ရောက်ရှိ

သြဂုတ် ၃၁

ချက်သမ္မတနိုင်ငံရဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ သြဂုတ် ၃၀ ရက်မှာ တိုင်ပေကို ရောက်ရှိလာခဲ့ပါတယ်။

ဒါဟာ ယခုလအတွင်းမှာပဲ တိုင်ပေကို လာရောက်တဲ့ ဒုတိယမြောက် ပြည်ပနိုင်ငံ အဆင့်မြင့်ပုဂ္ဂိုလ်အဖွဲ့တစ်ဖွဲ့ရဲ့ ခရီးစဉ်လည်း ဖြစ်လာခဲ့ပါတယ်။

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ယခု ခရီးစဉ်ကတော့ တိုင်ပေကို ကျန် ကမ္ဘာ့နိုင်ငံတွေနဲ့ သီးခြားရှိနေစေဖို့ ဆန္ဒရှိတဲ့ တရုတ်အတွက် အဓိက ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဒါဟာ အမေရိကန် အစိုးရအဖွဲ့ဝင် ကျန်းမာရေးဝန်ကြီး အဲလက်ဇ် အေဇား တိုင်ပေကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး နှစ်ပတ်အကြာမှာပဲ ချက် အထက်လွှတ်တော်ဥက္ကဋ္ဌ မီလိုစ် ဗိုင်စတာစီလ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၉၀ ပါ ကိုယ်စားလှယ်အဖွဲ့ တိုင်ပေကို ရောက်လာခဲ့တာဖြစ်ပါတယ်။

ချက် အထက်လွှတ်တော်ဥက္ကဌ မီလိုစ်ဟာ ၎င်းရဲ့ ငါးရက်တာ တိုင်ပေ ခရီးစဉ်အတွင်း တိုင်ပေ ပါလီမန်မှာ မိန့်ခွန်းပြောဖို့ ရှိသလို တိုင်ပေသမ္မတ ဆိုင်အင်ဝမ်နဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ချက် အထက်လွှတ်တော်ဥက္ကဋ္ဌ ရဲ့ ယခုခရီးစဉ်ကတော့ အာဏာရှင်ဆန်တဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှုအပေါ် ရင်ဆိုင်မှုတစ်ခု ဖြစ်တယ်လို့ တိုင်ပေက ပြောသွားပါတယ်။

ပေကျင်းဘက်ကတော့ တိုင်ပေကို ယင်းရဲ့ နယ်မြေအဖြစ် ရှုမြင်ထားပြီး  လိုအပ်ပါက အင်အားသုံး သိမ်းပိုက်မယ်လို့ ကြုံးဝါးထားပါတယ်။

ဒါ့အပြင် ယခု ချက် အထက်လွှတ်တော်ဥက္ကဋ္ဌ ရဲ့ ခရီးစဉ်ကိုလည်း စက်ဆုပ်ဖွယ် လုပ်ရပ်တစ်ခုအဖြစ် ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly