ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း အင်ဒိုနီးရှား၌ တိုင်းရင်းဆေးလုပ်ငန်းများ အားကောင်း

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း အင်ဒိုနီးရှား၌ တိုင်းရင်းဆေးလုပ်ငန်းများ အားကောင်း

ဩဂုတ် ၂၉

အင်ဒိုနီးရှားနိုင်ငံတွင် ဒေသခံပြည်သူများက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရေးအတွက် တိုင်းရင်းဆေးများ သုံးစွဲလာခြင်းကြောင့် ကျဆင်းနေသည့် နိုင်ငံစီးပွားရေးတွင် တိုင်းရင်းဆေးလုပ်ငန်းရှင်များ မပါဝင်ဘဲ ယင်း လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုကလည်း အလားအလာကောင်းများ ပွင့်လန်းလာသည်။

တိုင်းရင်းဆေး jamu ထုတ်လုပ်သည့် နိုင်ငံ၏ အကြီးဆုံး Industri Jamu dan Farmasi Sido Muncul လုပ်ငန်းက ယခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း အသားတင်ဝင်ငွေ ၁၁ ရာခိုင်နှုန်း တိုးကာ ရူပီး ၄၁၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၁ သန်း) ဝင်ငွေရရှိကြောင်း ကြာသပတေးနေ့တွင် ကြေညာသည်။

ယင်း ဝင်ငွေပမာဏသည် လုပ်ငန်းအား ၂၀၁၃ က မှတ်ပုံတင်သည့်အချိန်မှ စပြီး အမြင့်မားဆုံးသော နှစ်ဝက်ဝင်ငွေပဲ ဖြစ်သည်။

ယင်း လုပ်ငန်းမှ ထုတ်လုပ်သည့် ဆေးဖက်ဝင် ဖျော်ရည်အပါအဝင် အစားအစာနှင့် အချိုရည်တို့၏ ရောင်းအားက အမြင့်ဆုံးအဖြစ် ၁၆ ရာခိုင်နှုန်း တိုးတက်ပြီး တိုင်းရင်းဆေး ရောင်းအားမှာ ၄ ရာခိုင်နှုန်းတက်ကာ ရူပီး ၁ ဒသမ ၄၆ ထရီလီယံဖိုး ရှိခဲ့သည်။

“ဒုတိယသုံးလပတ်အတွင်း ကျွန်တော်တို့ ရောင်းချတဲ့ ထုတ်ကုန်တွေမှာ ချင်းကော်ဖီနဲ့ ချင်းနို့တွေလို ချင်းပါတဲ့ ထုတ်ကုန်တွေနဲ့ ဗီတာမင်စီတို့ဟာ ရောင်းအားအကောင်းဆုံးပါပဲ။ ဝယ်လိုအားလည်း အရမ်း တက်နေတယ်။”ဟု ကုမ္ပဏီ၏ ဘဏ္ဍာရေးညွှန်ကြားရေးမှူး လီယိုနက်က ကြာသပတေးနေ့၌ သတင်းထောက်များအား ပြောသည်။

Sido ကုမ္ပဏီမှ ထုတ်လုပ်သော အခြားဆေးဖက်ဝင် ထုတ်ကုန်များအပါအဝင် ယင်း ထုတ်ကုန်များ၏ ကြော်ငြာအသုံးစရိတ်ကို လျှော့ချထားသည့်ကားမှ ရောင်းအားကောင်းနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ကုမ္ပဏီ ဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ တိုင်းရင်းဆေးထုတ်ကုန်များမှ ရရှိခြင်း ဖြစ်သည်။

“လူမှုမီဒီယာကြောင့်လည်း ခုလို ရောင်းအားတက်တာပဲ။ WhatsApp ကနေ လူတွေတော်တော်များများက တိုင်းရင်းဆေး သုံးစွဲတာ ကောင်းကြောင်းကို ဖတ်ကြရတယ်။ သတင်းတွေ သိကြရတယ်။ မကြော်ငြာဘဲနဲ့ ကျွန်တော်တို့ ထုတ်ကုန်တွေ ရောင်းထွက်နေတယ်။”ဟု လီယိုနက်က ပြောခဲ့သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၆၂၈၈၄ ဦးရှိကာ ယင်းတို့အနက် ၇၀၆၄ ဦး သေဆုံးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly