Taobao Taiwan လုပ်ငန်းအား တရုတ်ကျောထောက်နောက်ခံပြုလုပ်ငန်းအဖြစ် မှတ်ပုံမတင်ပါက ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းရန် ထိုင်ဝမ်ညွှန်ကြား 

Taobao Taiwan လုပ်ငန်းအား တရုတ်ကျောထောက်နောက်ခံပြုလုပ်ငန်းအဖြစ် မှတ်ပုံမတင်ပါက ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းရန် ထိုင်ဝမ်ညွှန်ကြား 

ဩဂုတ် ၂၅  

ထိုင်ဝမ်သည် e-commerce လုပ်ငန်းတစ်ခုဖြစ်သည့် Taobao Taiwan အား ဒေသတွင်းမှ ထွက်ခွါရန် သို့မဟုတ်ပါက ခြောက်လအတွင်း တရုတ်ကျောထောက်နောက်ခံပြုလုပ်ငန်းအဖြစ် မှတ်ပုံပြန်တင်ရန် ညွှန်ကြားခဲ့သည်။

ထိုင်ဝမ်သည် ၎င်းတို့ဒေသအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်နည်းပညာကုမ္ပဏီများ လည်ပတ်မှုအပေါ် ကြီးကြပ်စောင့်ကြည့်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်က တရုတ်အွန်လိုင်းတီဗီဝန်ဆောင်မှုများနှင့်ပတ်သက်၍ ပြည်တွင်းအရောင်းအဝယ်များကို တားမြစ်ရန်စီစဉ်ခဲ့သည်။  

ထိုင်ဝမ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံများနှင့်ပတ်သက်ပြီး အခြားနိုင်ငံများထက် တရုတ်နိုင်ငံအပေါ် ပိုမိုတင်းကျပ်သော စည်းမျဉ်းများသတ်မှတ်ထားသည်။ 

Taobao Taiwan သည် Claddagh Venture Investment ဟုခေါ်သော ဗြိတိန်ကုမ္ပဏီဖြင့် မှတ်ပုံတင်ထားပြီး အမှန်စင်စစ် တရုတ်တို့၏ Alibaba အုပ်စုက ထိန်းချုပ်နေကြောင်း ထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က တနင်္လာနေ့တွင်ပြောသည်။ Alibaba သည် တရုတ်၌ Taobao ၏ အဓိကပလက်ဖောင်းများကို ပိုင်ဆိုင်သည်။ 

စားသုံးသူများ၏အချက်အလက်များကို တရုတ်နိုင်ငံသို့ပြန်ပို့နေသောကြောင့် အချက်အလက်လုံခြုံမှုဆိုင်ရာအတွက် စိုးရိမ်ရကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကပြောသည်။  Taobao Taiwan ကို ထိုင်ဝမ်ဒေါ်လာ ၄၁၀ ၀၀၀ (အမေရိကန်ဒေါ်လာ ၁၄ ၀၀၀) ဒဏ်ငွေရိုက်ခဲ့ပြီး ခြောက်လအတွင်း ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းရန် သို့မဟုတ် တရုတ်ကျောက်ထောက်နောက်ခံလုပ်ငန်းအဖြစ် မှတ်ပုံပြန်တင်ရန် ညွှန်ကြားခဲ့သည်။  

ထိုညွှန်ကြားမှုအတွက် Claddagh ထိုင်ဝမ်ရုံးက စိတ်မကောင်းဖြစ်မိကြောင်းနှင့် အစိုးရဆီမှ တရားဝင်အကြောင်းကြားစာ မရရှိကြောင်း ပြောခဲ့သည်။ သို့သော် ဆုံးဖြတ်ချက်ကိုလေးစားကြောင်းနှင့် သဘောတူညီချက်ရအောင် အမြန်ဆုံး လုပ်ဆောင်သွားမည်ဟုဆိုသည်။ ယမန်နှစ်က လုပ်ငန်းစတင်ခဲ့သော Taobao Taiwan သည် Taobao China နှင့်လုံးဝမတူကြောင်းနှင့် Alibaba လက်အောက်ခံမဟုတ်ကြောင်း Claddagh ထိုင်ဝမ်ရုံးက ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly