ဂျပန်အစိုးရက ပုဂ္ဂလိကနှင့် ပူးပေါင်းကာ စစ်လက်နက်ပစ္စည်း ပြည်ပတင်ပို့မှု မြှင့်တင်မည်

ဂျပန်အစိုးရက ပုဂ္ဂလိကနှင့် ပူးပေါင်းကာ စစ်လက်နက်ပစ္စည်း ပြည်ပတင်ပို့မှု မြှင့်တင်မည်

သြဂုတ် ၂၅

အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများသို့ စစ်လက်နက်ပစ္စည်း တင်ပို့မှု ရောင်းအားမြှင့်တင်ရန် ဂျပန်အစိုးရက ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ကာလရှည် ပိတ်ပင်ခံထားခဲ့ရသည့် စစ်လက်နက်ပစ္စည်း တင်ပို့မှုကဏ္ဍတွင် ဈေးကွက်သုတေသနများနှင့် အခြားကျွမ်းကျင်မှုများ ထောက်ပံ့ပေးခြင်းဖြင့် ပုဂ္ဂလိကနှင့် ပူးပေါင်းကာ ရောင်းအားမြှင့်တင်ရန် ဖြစ်သည်။

လက်နက်များ တင်ပို့ခြင်း တားမြစ်ထားသည့် စည်းမျဉ်းတစ်ရပ်အား ၂၀၁၄ တွင် ပြန်လည်ပြင်ဆင်ပြီးချိန်မှစပြီး ဂျပန်နိုင်ငံသည် စစ်လက်နက်အစိတ်အပိုင်းများ ပါဝင်သည့် တင်ပို့မှု သဘောတူညီချက် လေးခုသာ ချုပ်ဆို နိုင်သေးသည်။

ထိုသို့ လက်နက်တင်ပို့ရန် စည်းမျဉ်းပြင်ဆင်ချက်မှာလည်း စစ်လက်နက်ပစ္စည်းများကို ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုခြင်းကဲ့သို့သော အခြေအနေများအောက်တွင်သာ တင်ပို့နိုင်ခွင့် ရှိခြင်း ဖြစ်သည်။

ထိုပြင် ပြည်တွင်း ကာကွယ်ရေးကဏ္ဍကို ထောက်ပံ့မှု ဖြစ်စေရန်လည်း တားမြစ်စည်းမျဉ်းအား ပြင်ဆင်ခဲ့ခြင်းလည်း ဖြစ်သည်။

ကုန်လွန်ခဲ့သည့် ခြောက်နှစ်အတွင်း အချောထည် စစ်လက်နက်ပစ္စည်းများ တင်ပို့ရခြင်း မရှိခြင်းကြောင့် ကာလကြာရှည် တင်ပို့မှု ပိတ်ပင်ထားခြင်းကြောင့် အရောင်းဈေးကွက် ရှာရန် အတွေ့အကြုံ မရှိ၍ဟု အစိုးရက မှတ် ယူထားသည်။

ထိုအတွက် ကုန်သွယ်ရေးအဖွဲ့အစည်းများနှင့် ပြည်ပတွင် လုပ်ငန်းလည်ပတ်နေသော အခြားသော ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်သွားရန် ရှိနေသည်။

စစ်လက်နက်ပစ္စည်း ရောင်းအားမြှင့်တင်နိုင်ရေး ရည်မှန်းချက်အတွက် အစောဆုံး လာမည့် လမှစကာ ဈေးကွက်သုတေသနပြုရန်အတွက် ကုမ္ပဏီတစ်ရပ်ကို ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တတ်ကျွမ်းမှု၊ နည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာနက ရွေးချယ်သွားမည် ဖြစ်သည်။  

စစ်လက်နက်ပစ္စည်း တင်ပို့နိုင်ရန် အလားအလာကောင်းကို ရွေးချယ်သတ်မှတ်ရန်အတွက် တစ်နိုင်ငံချင်းစီ၏ အသုံးစရိတ်နှင့် လိုအပ်ချက်တို့ကို တွက်ချက်ကာ အဆိုပြုချက် တင်ရမည် ဖြစ်သည်။

ထို အဆိုပြုချက်ကို အခြေခံလျက် အစိုးရသည် လာမည့် နွေဦးမှစပြီး အဆိုပါ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required