တောင်ကိုရီးယား၌ မတ်လနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် တစ်ရက်တာ အမြင့်ဆုံး ကူးစက်

တောင်ကိုရီးယား၌ မတ်လနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် တစ်ရက်တာ အမြင့်ဆုံး ကူးစက်

ဩဂုတ် ၂၃

တောင်ကိုရီးယားတွင် ဆိုးလ်မြို့တော်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းနှင့် နိုင်ငံရေးဆန္ဒပြပွဲများသို့ တက်ရောက်ခဲ့သူများမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများ ဆက်လက်ဖြစ်ပွားနေရာ မတ်လအစောပိုင်း နောက်ပိုင်း တစ်ရက်တာ အမြင့်ဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားခဲ့ကြောင်း တနင်္ဂနွေနေ့က သတင်းထုတ်ပြန်သည်။

စနေနေ့ ညလယ်အထိ အသစ်ကူးစက်သူပေါင်းမှာ ၃၉၇ ဦး ရှိကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး စင်တာက ထုတ်ပြန်ရာ ယမန်နေ့က ကူးစက်သူ ၃၃၂ ဦးနှင့် နေ့စဉ် ဂဏန်းသုံးလုံး ကူးစက်သူ ဦးရေရှိသည့် သီတင်းတစ်ပတ်တွင် အများဆုံး ကူးစက်မှုနှုန်း ဖြစ်ခဲ့သည်။

ထိုကြောင့် တောင်ကိုရီးယားတွင် စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၁၇၃၉၉ ဦးရှိလာခဲ့ပြီး သေဆုံးသူ ၃၀၉ ဦး ရှိကြောင်း ယင်း စင်တာက ပြောသည်။

တနင်္ဂနွေနေ့မှ စတင်ကာ အစိုးရသည် ဆိုးလ်အပြင် ဧရိယာများတွင် ဒုတိယအဆင့် လူခွာနေခြင်း စည်းမျဉ်းများကို ပြဋ္ဌာန်းပြီး ဘုရားကျောင်းများတွင် လူချင်းတွေ့ချင်းများကို ပိတ်ပင်ခြင်း၊ နိုက်ကလပ်များ၊ ဘူးဖေးဆိုင် များနှင့် ဆိုင်ဘာကဖေးများကို ပိတ်ခြင်းများ စည်းမျဉ်းချမှတ်ခဲ့သည်။

တင်းကြပ်သည့် လူခွာနေခြင်း တတိယအဆင့် စည်းမျဉ်းများကို နောက်ဆုံး၌ ချမှတ်ဖြစ်လာနိုင်သည်ဟု ကျန်းမာရေး အာဏာပိုင်များက ပြောသည်။ အသစ်ကူးစက်မှုနှုန်းထား မကြာသော အချိန်အတွင်း နှေးကွေးသွားခြင်း မရှိပါက စာသင်ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းကိုင်ငန်းများကို အားချင်း ပိတ်ခိုင်းသည့် တတိယအဆင့် လူခွာနေခြင်းကို ချမှတ်ဖြစ်ဖွယ် ရှိသည်ဟု ဆိုခြင်း ဖြစ်သည်။

လက်ယာစွန်းရောက် တရားဟောဆရာတစ်ဦး ဦးစီးသည့် Sarang Jeil Presbyterian ဘုရားရှိခိုးကျောင်းမှစကာ ရာပေါင်းများစွာ ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားခြင်းကြောင့် တောင်ကိုရီးယား၏ ကိုရီးယားဗိုင်းရပ်စ် ကူးစက် ဖြစ်ပွားမှုသည် ထပ်မံအရှိန်မြင့်တက်လာသည်ဟု ကျန်းမာရေးအာဏာပိုင်များက သောကြာနေ့တွင် ပြောသည်။

အဆိုပါ ဘုရားရှိခိုးကျောင်းမှ အဖွဲ့ဝင်များက ဩဂုတ် ၁၅ ရက်တွင် ပြုလုပ်သည့် အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲတွင်လည်း တက်ရောက်ပါဝင်ခဲ့ကြခြင်းကြောင့် နိုင်ငံအနှံ့ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်မှုများ ရှိလာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly