COVID-19 ကပ်ဘေး ကိုင်တွယ်ရေးအတွက် မြို့တော် ပြောင်းရွှေ့မည့်အစီအစဉ်ကို အင်ဒိုနီးရှား ဆိုင်းငံ့

COVID-19 ကပ်ဘေး ကိုင်တွယ်ရေးအတွက် မြို့တော် ပြောင်းရွှေ့မည့်အစီအစဉ်ကို အင်ဒိုနီးရှား ဆိုင်းငံ့

 ဩဂုတ် ၂၀

အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို တားဆီးနိုင်ရေး ရုန်းကန်နေရခြင်းကြောင့် သမ္မတ ဝီဒိုဒို၏ ရည်မှန်းချက်ကြီးတစ်ရပ်ဖြစ်သော ဘော်နီယိုကျွန်းသို့ မြို့တော် ရွှေ့ပြောင်းရေးကို ဆိုင်းငံ့ထားကြောင်း စီမံကိန်းဝန်ကြီးက ပြောသည်။ 

မြို့သစ်အတွက် အစိုးရဌာန အဆောက်အအုံများ တည်ဆောက်ခြင်း စီမံကိန်းကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု၌ အားပျော့သွားသည်ကို ကြုံဆုံသည့်အချိန်မှ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မြို့သစ်စီမံချက်ကို ကြီးကြပ်ကွပ်ကဲရသည့် စီမံကိန်းဝန်ကြီး ဆူဟာဆိုမိုနိုအာဖာက ပြောသည်။ 

“စီးပွားရေး ပြန်လည်ဦးမော့ရေးနဲ့ ကပ်ဘေးကို ကျော်လွှားရေးကို ကျွန်တော်တို့ ဦးစားပေးအဖြစ် ထားရှိထားပါတယ်။”ဟု အင်္ဂါနေ့က ရိုက်တာနှင့် အွန်လိုင်းအင်တာဗျူးရာ၌ မိုနိုအာဖာက ပြောသည်။ 

“အခြေအနေတွေ ကောင်းမွန်လာရင်တော့ မြို့တော် ရွှေ့ပြောင်းရေးမှာ ကျွန်တော်တို့ ဘာလုပ်ကြမလဲဆိုတာကို ဆုံးဖြတ်မှာ  ဖြစ်ပါတယ်။”ဟု ၎င်းက ထပ်လောင်းပြောသည်။ 

မြို့တော်သစ် စီမံကိန်းနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝန်ခံခြင်းအဖြစ် ယင်း စီမံကိန်းသည် ၂၀၂၂ သို့မဟုတ် ၂၀၂၃ ထိတိုင် နှောင့်နှေးနိုင်သည်ဟု ၎င်းက ဝန်ခံ ပြောဆိုသည်။ 

လူဦးရေ သန်း ၂၇၀ နီးပါးရှိအတွက် COVID-19 ကာကွယ်ဆေး တွေ့ရှိဖြန့်ဝေပေးနိုင်ရေး အစိုးရက ဦးတည်ချက်ထား ကြိုးပမ်းနေခြင်းကြောင့် ယင်းသို့ နှောင့်နှေးနိုင်ကြောင်းကို မိုနိုအာဖာက ပြောသည်။ 

အစိုးရ အဆောက်အအုံများနှင့် အခြားသော အဆောက်အအုံများ တည်ဆောက်ရေးကို အစောပိုင်းက ၂၀၂၁ ခုနှစ်တွင် စတင်ရန် လျာထားခြင်း ဖြစ်သည်။ စမတ်စီးတီး မြို့သစ်အဖြစ် အသွင်ပြောင်းရန်အတွက် လျာထားသော တောထူထပ်ရာ ဧရိယာနယ်မြေတွင် လေဆိပ်များနှင့် ပင်လယ်ဆိပ်ကမ်းများ အဆင့်မြင့်တင်ခြင်းနှင့် လမ်းဖောက်ခြင်းများအတူ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၁ တွင် စတင်ရန် လျာထားခဲ့ခြင်း ဖြစ်သည်။ 

သမ္မတ ဝီဒိုဒို၏ ဒုတိယသက်တမ်း နောက်ဆုံးနှစ်ဖြစ်သော အစိုးရဝန်ထမ်းများအနေဖြင့် ၂၀၂၄ တွင် မြို့တော်သစ်တို့ ပြောင်းရွှေ့ရန်လည်း စီစဉ်ထားခြင်းဖြစ်သော်လည်း ယခု ကပ်ဘေးကြောင့် စီမံကိန်းအစီအစဉ် ဆိုင်းငံ့သွားရခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly