ဆန္ဒမဲပေးခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးအောင် အလေးအနက်ထားလုပ်ဆောင်နေဟု ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဦးမင်းသူပြော

ဆန္ဒမဲပေးခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးအောင် အလေးအနက်ထားလုပ်ဆောင်နေဟု ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဦးမင်းသူပြော
ဓာတ်ပုံ - အောင်မြတ်သူ

သြဂုတ်လ ၁၇

မဲပေးခွင့်ရှိတဲ့လူတွေ မဲပေးခွင့်မဆုံးရှုံးရအောင် အောက်ခြေက ပြည်သူ့အသံတွေကို ဆင်းပြီးနားထောင်ခိုင်းထား တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောကြားလိုက်ပါတယ်။

ပထအကြိမ်မဲစာရင်းကပ်ရာမှာ အမှားအယွင်း ပြသနာတချို့ရှိခဲ့တာကြောင့် လာမယ့်ဒုတိယအကြိမ်မဲစာရင်း ကပ်ရာမှာတော့ အမှားအယွင်းနည်းစေဖို့နဲ့ လဝက၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ မြို့နယ်ရွေးကောက် ပွဲကော်မရှင်က တာဝန်ရှိသူတွေကို အသိပေးပြောကြားထားတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဇဗ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတချို့တို့ သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော် ကောင်စီရုံးမှာ ပထဦးဆုံးတွေ့ဆုံမှုအပြီးမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ခုလိုပြောကြားခဲ့တာပါ။

“မဲစာရင်းမှားတာနဲ့ပတ်သက်လို့ကတော့ ဟိုးတုန်းကလည်း မှားခဲ့တာတွေရှိပါတယ်။ ဒါကတော့အခုပိုပြီးတော့ ပွင့်လင်းမြင်သာလာတဲ့ခေတ်ပေါ့။ အခုခေတ်မီဒီယာတွေက ပိုပြီးပွင့်လင်းမြင်သာလာတဲ့အချိန်ကျတော့ ပြည်သူ လူထုကလည်းပိုသိတယ်။ လူတွေကလည်း ကိုယ်တို့အမြင်အရတော့ ရွေးကောက်ပွဲကို ပြည်သူလူထုက စိတ် ဝင်စားလို့လာကြည့် တဲ့အခါမှာ ဒီအမှားအယွင်းလေးတွေလည်းပိုပြီးတွေ့တာပေါ့။ ဒါတွေကိုလည်း ရွေးကောက် ပွဲကော်မရှင်ရဲ့ ဒီအလုပ်သမားလဝကရယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရယ်က ဒုတိယတစ် ကြိမ်မဲစာရင်း ကပ်တဲ့အချိန်မှာတော့ ဒါအတတ်နိုင်ဆုံးပေါ့ ။ပြည်သူလူထုအတွက် အဆင်ပြေအောင် အမှားအယွင်းအနည်း ဆုံးဖြစ်အောင်ကြိုးစားဆောင်ရွက်ဖို့အတွက် ဒါကြိုးစားဆောင်ရွက်ဖို့အနေနဲ့ ကိုယ့်ဝန်ထမ်းတွေကိုလာ စကား ပြောတာပေါ့။ နောက်ပြည်နယ်နဲ့ တိုင်းတွေအားလုံးကိုလည်း ဒီမိုဘိုင်းအဖွဲ့ပေါ့။အဲ့ဒါလည်းလွှတ်ထားတယ်။ အောက်ခြေမှာလည်း တကယ်ဘာတွေဖြစ်နေလည်း အောက်ခြေမှာဖြစ်နေတဲ့ဟာတွေ ပြည်သူလူထုရဲ့ အသံ ကိုဆင်းပြီးနားထောင်ခိုင်းထားပါတယ်။ အဖွဲ့တစ်ဖွဲ့လည်း လွှတ်ထားပါတယ်”လို့ ပြည်ထောင်စုအစိုးရအ ဖွဲ့ရုံးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောပါတယ်။

၂၀၂၀အထွေထွေရွေးကောက်ပွဲဟာ ၈၄ရက်သာကျန်ရှိတာဖြစ်တော့တဲ့အတွက်  မဲစာရင်းမှန်ကန်ဖို့နဲ့ တချို့ မှတ်ပုံတင်မရှိတဲ့ မဲဆန္ဒရှင်တွေကို အဆင်ပြေအောင်လုပ်ဆောင်ဖို့၊ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့ တယ်လို့ ဇဗ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးကျော်ငြိမ်းကပြောပါတယ်။

“ဦးတို့ဘက်ကတော့အဲ့ကိစ္စရပ်တွေက ၂၀၁၅ ၊ ၂၀၁၀ စသည်ဖြင့်အဲ့ဒီရွေးကောက်ပွဲတွေမှာလည်း အကယ်၍ ဒီလိုအပေါက် ရှိခဲ့လို့ မှတ်ပုံတင်မရှိခဲ့လို့ နောက်တစ်ချက် မှတ်ပုံတင်မှာ နံပါတ်တစ်ခုလွဲလို့စတဲ့အချက်တွေ ကလည်း နောက်ဆုံးတော့သက်သေခံလက်မှတ်မှာ ဦးတို့ဘက်က ဒီမဲစာရင်းကိုကြည့်ပြီးတော့ အကြိုသက်သေ ခံလက်မှတ်ဆိုတာ မဲထည့်ဖို့အတွက်ရာ မြန်ဆန်ရေးအတွက် လက်မှတ်လေးတွေထုတ်ပေးတာရှိတယ်။ မဲဆန္ဒ ရှင်ဖြစ်ကြောင်း သက်သေခံလက်မှတ်လေးတွေတို့က အမည်အမှတ်စဉ်နဲ့ပဲတိုက်ပြီးတော့မှ မဲလက်မှတ်ထုတ် ပေးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကိုလည်း ယခင်၂၀၁၀-၂၀၁၅ တွေမှာလည်း ရပ်ကွက်အဆင့်မှာပါဝင် ဆောင်ရွက်ခဲ့ဖူးတာဖြစ်တယ်။ ၂၀၂၀မှာ မြို့နယ်မှာ တာဝန်ထမ်းဆောင်တာဖြစ်တယ်။ အဲ့ဒီအခြေအနေတုန်းက လည်း အဲ့ဒီအချင်းအရာ အဲ့ဒီ ကွက်လပ်တွေကြောင့် ပြည်သူက မဲဆန္ဒဆုံးရှုံးခြင်းတစ်ကြိမ်တစ်ခါမှ မတွေ့ဖူးပါ ဘူးဆိုတဲ့ အကြောင်းပြောပြလိုက်တယ်”လို့ ပြည်ထောင်စုဝန်ကြီးဦးမင်းသူက ပြောပါတယ်။

လက်ရှိမှာတော့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မုံရွာ၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ မဲစားရင်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေဖြစ်နေတဲ့ အခက်အခဲတွေကို အောက်ခြေထိဆင်းပြီး နားထောင်ခိုင်းနေပြီလို့ ပြည်ထောင်စုဝန်ကြီးဦးမင်းသူကဆိုပါတယ်။

ပထမအကြိမ်မဲစာရင်းကပ်ထားမှုကို သြဂုတ်လ ၁ရက်နေ့ကနေ ၇ ရက်နေ့ထိလုပ်ဆောင်ခဲ့ပေမယ့် လာရောက် ကြည့်ရှု့သူနည်းပါးခဲ့တာကြောင့် သြဂုတ်လ ၁၄ ရက်နေ့အထိ နှစ်ပတ်ကြာ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဘက်က တိုးမြှင့်ခဲ့ပါတယ်။

ဒုတိယအကြိမ်မဲစာရင်ကိုတော့ လာမယ့် အောက်တိုဘာလထဲမှာကပ်သွားမှာဖြစ်ပါတယ်။

 ၂၀၂၀အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇သန်းကျော်နဲ့ မဲရုံပေါင်း ၄သောင်းကျော်လျာထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ထုတ်ပြန်ကြေညာထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required