လေယာဉ်လက်မှတ်များကို နေက်နှစ်ကုန်အထိ စီးနိုင်မည်ဟု ထိုင်းလေကြောင်းလိုင်း ပြော

လေယာဉ်လက်မှတ်များကို နေက်နှစ်ကုန်အထိ စီးနိုင်မည်ဟု ထိုင်းလေကြောင်းလိုင်း ပြော
Photo - Bangkok Post

ဩဂုတ် ၁၆

ထိုင်းလေကြောင်းလိုင်းတွင် ဝယ်ယူထားသည့် လေယာဉ်လက်မှတ်များက လာမည့်နှစ်ကုန်အထိ သက်တမ်းမကုတ်ပဲ စီးနိုင်မည် သို့မဟုတ် ခရီးသွားပြေစာဖြတ်ကာ ၂၀၂၂ နှစ်ကုန်အထိ သက်တမ်းတိုးနိုင်ကြောင်း Thai Airways International (THAI) လေကြောင်းက ကြေညာသည်။

လေကြောင်းလိုင်းအနေဖြင့် ကြွေးမြီပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေရခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ကြောင်း လေကြောင်းခရီးစဉ်များ ရပ်နားထားရခြင်းတို့ကြောင့် ခရီးသည်များကို အာမခံချက် ပေးလို၍ ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း လေကြောင်းလိုင်း ယာယီဥက္ကဌဖြစ်သူ ချန်ဆင်းထရီနုချာဂရွန်က ပြောသည်။

တနင်္လာနေ့၌ ဒေဝါလီခံရခြင်း ဗဟိုခုံရုံးသို့ ပြည်လည်ထူထောင်ရေး အစီအစဉ် တင်သွင်းရန်ကို ဆိုင်းငံ့ထားပြီး ခရီးသည်များ၏ တောင်းဆိုချက်ကြောင့် ငွေပြန်အမ်းရန် ရှိခဲ့ကြောင်း အဆိုပါ အမျိုးသားလေကြောင်းလိုင်း THAI က အစောပိုင်းက ပြောထားသည်။

အသုံးမပြုရသေးသော လက်မှတ်များသည် ၂၀၂၁ ဒီဇင်ဘာတိုင်အောင် စီးနင်းနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ဘဲ လက်မှတ်များအတွက် ပြန်အမ်းငွေ လိုချင်သူများအနေဖြင့် ၂၀၂၂ ဒီဇင်ဘာထိ အသက်ဝင်မည့် ခရီးသွားပြေစာ ဖြတ်နိုင်မည်ဖြစ်ကြောင်း ချန်ဆင်းက ပြောသည်။

ကပ်ဘေးကြောင့် ကမ္ဘာတစ်လွှားက လေကြောင်းလုပ်ငန်းများ ရုန်းကန်နေရသော်လည်း အမျိုးသား လေကြောင်းလိုင်း၏ ရှေ့အလားအလာကို မျှော်လင့်ချက် ရှိနေဆဲ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

THAI လေကြောင်းလိုင်းအနေဖြင့် ယခုနှစ် နောက်ပိုင်း သို့မဟုတ် လာမည့်နှစ် အစောပိုင်းတွင် ပျံသန်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်မည်ကို ရှေးရှုမျှော်လင့်ထားကြောင်းလည်း ၎င်းက မှတ်ချက်ပြု ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly