ဒေါက်တာညိုညိုသင်း “ခေါင်းဆောင်အဟောင်းတွေနဲ့ ဒီနိုင်ငံကို တည်ဆောက်မှာလား”

ဒေါက်တာညိုညိုသင်း “ခေါင်းဆောင်အဟောင်းတွေနဲ့ ဒီနိုင်ငံကို တည်ဆောက်မှာလား”

လက်ရှိ မြန်မာနိုင်ငံသည် နိုင်ငံရေး အကြပ်အတည်း တစ်ခုကို ရင်ဆိုင်နေကြရပြီး တိုးတက်သော နိုင်ငံရေး အမြင်ရှိသည့် လူငယ် နိုင်ငံရေးသမားများ သို့မဟုတ် အုပ်စုများ ပေါ်ပေါက်ရန် လိုအပ်နေသည်ဟု မြန်မာ့နိုင်ငံ ရေး လောကမှာ ပြောဆိုလာနေကြသည်။

ထိုသို့ လူပုဂ္ဂိုလ်များ (သို့မဟုတ်) အဖွဲ့အစည်းများ ပေါ်ပေါက်မှသာလျှင် မြန်မာနိုင်ငံသားများ အားလုံး လိုလား သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ နိုင်ငံတော် တည်ဆောက်ရေး စသည့် အရေးကိစ္စများ အောင်မြင်စွာ ဆောင်ရွက်နိုင် မည်ဟု ဆိုကြသည်။

ထို့ကြောင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်အတူ တိုးတက်သော နိုင်ငံရေး အမြင်ရှိသူများ လွှတ်တော်တွင်း လွှတ်တော်ပြင်ပတွင် ပေါ်ပေါက်လာနိုင်ရေး မည်သို့ ဆောင်ရွက်ကြမလဲဆိုသည့်အပေါ် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တစ်သီးပုဂ္ဂလဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်စောင့်ကြည့်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly