တရုတ် ပြစ်တင်ဝေဖန်နေသည့်ကြားမှ အမေရိကန်ကျန်းမာရေးဝန်ကြီး ထိုင်ဝမ်သို့ ရောက်ရှိ

တရုတ် ပြစ်တင်ဝေဖန်နေသည့်ကြားမှ အမေရိကန်ကျန်းမာရေးဝန်ကြီး ထိုင်ဝမ်သို့ ရောက်ရှိ

သြဂုတ် ၁၀

အမေရိကန် ကျန်းမာရေးနှင့် လူမှုဝန်ထမ်း ၀န်ကြီး အဲလက်စ် အဇားသည် သြဂုတ် ၉ ရက်က ထိုင်ဝမ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။  အမေရိကန်ကျန်းမာရေးဝန်ကြီး အဲလက်စ် အဇားသည် ဆယ်စုနှစ် လေးခုအတွင်း ထိုင်ဝမ်သို့ လာရောက်သည့် ရာထူးအကြီးဆုံး အမေရိကန်အရာရှိလည်း ဖြစ်လာခဲ့သည်။

အဆိုပါ ခရီးစဉ်အပေါ် တရုတ်က ပြစ်တင်ဝေဖန်ထားသည့်အတွက် ယင်းခရီးစဉ်က တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် ထပ်မံ ထိခိုက်စေဖွယ် ရှိနေသည်။  ၀ါရှင်တန်သည် ၁၉၇၉ ခုနှစ်က ပေကျင်းကို အလေးပေးပြီး တိုင်ပေနှင့်အကြား တရားဝင် ဆက်ဆံမှုများကို ဖြတ်တောက်ခဲ့သည်။  
 

ဒေါ်နယ်ထရမ့် အစိုးရလက်ထက်တွင် ထိုင်ဝမ်ကို ဦးစားပေးအဖြစ် ထောက်ခံမှုကို တိုးမြှင့်လုပ်ဆောင်ထားခဲ့ပြီး လက်နက်ရောင်းချမှုများကိုလည်း တိုးကာလုပ်ဆောင်ထားခဲ့သည်။  လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုအရေး နှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကိုင်တွယ်ပုံ အရေးတို့နှင့်ပတ်သက်၍ ၀ါရှင်တန်နှင့်အကြား ဆက်ဆံရေးတင်းမာမှုများ ရှိထားခဲ့ပြီးနောက် ပေကျင်းအာဏာပိုင်တို့သည် ယခုအမေရိကန်အစိုးရအဖွဲ့မှ ၀န်ကြီး အဇား၏ ထိုင်ဝမ် ခရီးစဉ်အပေါ် ပြန်လည်တုံ့ပြန်သည့် လုပ်ဆောင်ချက်များ လုပ်မည်ဟု ခြိမ်းခြောက်ထားသည်။ 

အမေရိကန်ကျန်းမာရေးဝန်ကြီး အဇားသည် ထိုင်ဝမ်နှင့်အကြား စီးပွားရေးနှင့် အများပြည်သူကျန်းမာရေးဆိုင်ရာ ပူးပေါင်းအားထုတ်မှုများကို မြှင့်တင်ရန် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ၀န်ကြီး အဇားသည် ၎င်း၏ခရီးစဉ်အတွင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် နှင့် တွေ့ဆုံသွားရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly