ကိုဗစ်-၁၉ ကာကွယ်ဆေးအာနိသင် အပြည့်အဝမရနိုင်သဖြင့် ကျန်းမာရေးစီမံချက်များလိုအပ်နေသေးဟု ကူးစက်ရောဂါပညာရှင် Fauci ပြော

ကိုဗစ်-၁၉ ကာကွယ်ဆေးအာနိသင် အပြည့်အဝမရနိုင်သဖြင့် ကျန်းမာရေးစီမံချက်များလိုအပ်နေသေးဟု ကူးစက်ရောဂါပညာရှင် Fauci ပြော

ဩဂုတ် ၈

အတည်ပြုချက်ရသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး၏ ထိရောက်မှုသည် ၅၀ % မှ ၆၀ % အထိသာ ရှိနိုင်ပြီး ကပ်ရောဂါကို ဆက်လက်ထိန်းချုပ်နိုင်ရေး ပြည်သူ့ကျန်းမာရေးစီမံချက်များကို လိုက်နာရန် လိုအပ်နေဦးမည် ဖြစ်ကြောင်း အမေရိကန်မှ ကူးစက်ရောဂါဆိုင်ရာအထူးကျွမ်းကျင်သူ Dr. Anthony Fauci က သောကြာနေ့တွင် ပြောသည်။  

“ကာကွယ်ဆေးရဲ့ အစွမ်းအာနိသင် ဘယ်လောက်ရှိမယ်ဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး။ ၅၀ % ဖြစ်မလား ဒါမှမဟုတ် ၆၀ % ဖြစ်မလားဆိုတာ မသိပါဘူး။ ၇၅ % အထက်တော့ ဖြစ်စေချင်ပါတယ်။ ဒါပေမယ့်  ၉၈ % ထိရောက်နိုင်တဲ့ အလားအလာရှိရင်လည်း သိပ်ပြီး မကောင်းပြန်ပါဘူး။ သဘောကတော့ ကျန်းမာရေးဆိုင်ရာနည်းလမ်းတွေကို ဘယ်တော့မှ မစွန့်လွှတ်ရပါဘူး” ဟု Fauci က Brown University ကပြုလုပ်သည့် အွန်လိုင်း ဆွေးနွေးပွဲ၌ ပြောခဲ့သည်။

အမေရိကန်တွင် လူ ၅ သန်းနီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၁၆၀ ၀၀၀ ထက်မနည်း သေဆုံးထားသည်။  

ဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေးအတွက် လော့ဒေါင်းစီမံချက်များကြောင့် ဒုတိယသုံးလပတ်၌ အကြီးမားဆုံး စီးပွားပျက်ကပ်ဆိုက်ချိန်မှစ၍ စီးပွားရေးအကြီးအကျယ်ထိခိုက်ခဲ့ပြီး ဂျီဒီပီမှာလည်း အနည်းဆုံး ၇၃ နှစ်အတွင်းတွင် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့သည်။

Moderna Inc. ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးလေ့လာမှု အပြီးသတ် အချက်အလက်များကို ယခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများ၌ ထုတ်ဖော်နိုင်လိမ့်မည်ဟု Fauci က သောကြာနေ့က ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏသန်းပေါင်းများစွာကို ၂၀၂၁ ခုနှစ် အစောပိုင်းတွင် ရရှိနိုင်ပြီး ထိုနှစ်ကုန်ပိုင်းတွင် ဆေးပမာဏ တစ်ဘီလီယံခန့် ထုတ်လုပ်နိုင်လိမ့်မည်ဟု Fauci က ယခုသီတင်းပတ်အစောပိုင်းက Reuters သတင်းဌာနကို ပြောခဲ့သည်။ လာမည့် နိုဝင်ဘာ ၃ ရက်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုး ရနိုင်လိမ့်မည်ဟု ထရမ့်က ကြာသပတေးနေ့၌ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly