ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြုဝင်ပြိုင်မည်

ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြုဝင်ပြိုင်မည်

သြဂုတ် ၅ ရက်၊ ၂၀၂၀ ပြည့်နှစ်

ကယားပြည်နယ်  ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ ( USDP ) တွင် ယခင် ဝန်ကြီးချုပ်လုပ်ခဲ့သူ  ဦးခင်မောင်ဦး ( ခ ) ဦးဘူးရယ်သည် ကယား ပြည်နယ် ဒီမိုကရက်တစ် ပါတီ ( KySDP ) တွင် ပြည်နယ် လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် လာမည့် ၂၀၂၀ ရွေး ကောက်ပွဲ၌ ဝင်ရောက် ယှဉ် ပြိုင်မည် ဖြစ်ကြောင်း ယနေ့ KySDP  ရုံးတွင် သတင်းထောက် များနှင့် တွေ့ဆုံစဉ် ၎င်းပါတီ အတွင်း ရေးမှူး ဦးသဲရယ်က ပြောဆို လိုက်သည်။

“ဘူးရယ် ခင်မောင်ဦး ဆိုတာက ၂၀၁၀ - ၂၀၁၅ အတွင်းမှာ ပြည်နယ် ဝန်ကြီး ချုပ် တာဝန်ယူ ဆောင် ရွက်နေတဲ့ ဘူးရယ် ခင်မောင်ဦးပဲ ဖြစ်ပါတယ် သူကတော့ လွိုင်ကော်မြို့နယ် ပြည်နယ်လွတ်တော် မဲဆန္ဒနယ် အမှတ် ( ၂) မှာ ဝင်ရောက် ယဉ်ပြိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ခင်မောင်ဦးသည် ယခင် ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲတွင် ( USDP ) ပါတီအား ကိုယ်စားပြုပြီး ဘောလခဲမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒ နယ် အမှတ် ( ၁ ) မှ ဝင် ရောက်ရွေးချယ်ခံခဲ့ရာ အနိုင်ရသဖြင့် ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြောက်ခံရသူ ဖြစ် သည်။

“သူရဲ့ ( ဦးခင်မောင်ဦး ) လုပ်ရည်ကိုင်ရည်ကို ကျနော်တို့ အနေနဲ့ နှစ်သက် သဘောကျတဲ့ ဟာတွေ ရှိတယ် ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဟာပေါ့ ကျနော်တို့ ပါတီအနေနဲ့ လာမည့် ၂၀၂၀ ကျလို့ရှိ ရင် တိုင်း ရင်း သား ပါတီအနေနဲ့က ကျနော်တို့ မျှော်မှန်း သလောက် အနိုင်ရရှိပြီး ပြည်နယ်ထဲမှာ ဝင်ပ ါခဲ့မယ်ဆို ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ သူ့ရဲ့ အတွေ့အကြုံနဲ့ သူကတ စိတ်တ ပိုင်းထဲ ကနေ ပြီးတော့ သူက ထိန်းပေးနိုင်မယ် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်တယ် ဒါကြောင့် ရွေးချယ် တာ ဖြစ်တယ်” ဟု ဦးသဲရယ်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် KySDP ပါတီ အနေဖြင့် ကယားပြည်နယ် လွိုင်ကော် ၊ ဒီးမော့ဆို မြို့ နယ်၊ ဖရုဆိုမြို့နယ်၊ မယ့်စဲမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်း မြို့နယ် တို့တွင်  မဲဆန္ဒနယ် ၃၀ အထိ ဝင်ရောက် ယဉ်ပြိုင်မည် ဖြစ်သည်။

ဒီအပြင် လွတ်တော်ကိုယ်စားလှယ်လောင်း အများစုဟာ လူလတ်ပိုင်းများ ဖြစ်ကြသလို အမျိုးသမီး ကိုးဦး ပါဝင်ပြီး မြန်မာ ရှမ်း ကရင် အစရှိတဲ့ လူမျိုးများလည်း ပါဝင်ကြသည်။

ဦးခင်မောင်ဦးသည် လွိုင်ကော် ဇာတိ ကယားတိုင်းရင်းသား ဖြစ်ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်း သင် တန်း အမှတ်စဉ် (၁၄)  တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ ရရှိခဲ့သလို တပ်မတော် လေတွင် တိုက် လေယာဉ် မှူး တာဝန်ဖြင့် ဒုတိယ ဗိုလ်မှူးကြီး အဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် ( UEC) ၏ ၂၀၂၀ ခုနှစ် မေလ အတွင်း ထုတ်ပြန် ထားသော စာရင်းများ အရ မြန်မာနိုင်ငံတွင် တည်ဆဲ မှတ်ပုံတင်ထားသည့် ပါတီ ၉၇ ပါတီ ရှိကြောင်း သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly