အမေရိကန်ရွေးကောက်ပွဲ စီစဉ်ထားသည့်အတိုင်း နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ဟု ထရမ့်၏ အကြံပေးများ ပြော

အမေရိကန်ရွေးကောက်ပွဲ စီစဉ်ထားသည့်အတိုင်း နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ဟု ထရမ့်၏ အကြံပေးများ ပြော

သြဂုတ် ၃

လာမည့် နိုဝင်ဘာ ၃ ရက်တွင် ရွေးကောက်ပွဲတစ်ရပ် ရှိမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြံပေးများက ပြောကြားလိုက်သည်။

ယင်းသည် ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲ နောက်ဆုတ်ရေး ရီပတ်ဘလစ်ကန်သမ္မတ၏ ပြောကြားချက်အပေါ် အိမ်ဖြူတော်နှင့် သမ္မတထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့၏ တာဝန်ရှိသူများက ပိတ်ဆို့ရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။

သမ္မတ ထရမ့်သည် ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည့် စိတ်ကူးကို ထုတ်ဖော်ခဲ့ချိန်တွင် စာတိုက်ကနေတဆင့် မဲပေးမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ခဲ့ခြင်းသာ ဖြစ်ကြောင်း အိမ်ဖြူတော်အရာရှိချုပ် မာ့ခ် မီဒိုးစ်က ပြောသည်။

“လာမယ့် နိုဝင်ဘာ ၃ ရက်မှာ ရွေးကောက်ပွဲတစ်ရပ် ကျွန်တော်တို့ ကျင်းပသွားကြတော့မှာ ဖြစ်ပါတယ်၊ သမ္မတကြီးပဲ အနိုင်ရမှာဖြစ်ပါတယ်” ဟု မီးဒိုးစ်က ပြောသွားခဲ့သည်။

အလားတူ သမ္မတ၏ မဲဆွယ်စည်းရုံးရေး အကြံပေးအရာရှိ ဂျက်ဆန် မီလာကလည်း “Fox News Sunday” အစီအစဉ်တွင် အလားတူအတိုင်း ထုတ်ဖော်သွားခဲ့ပြီး “ နိုဝင်ဘာ ၃ ရက်မှာ ရွေးကောက်ပွဲ ရှိမှာပါ၊ သမ္မတ ထရမ့်ကလည်း ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်မှာပဲ ဖြစ်စေချင်တာပါ” ဟု ပြောသွားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နိုဝင်ဘာရွေးကောက်ပွဲ နောက်ဆုတ်သင့်သည်ဟု ထုတ်ဖော်အကြံပြုခဲ့ရာ ယင်းပြောကြားချက်အပေါ် ဒီမိုကရက်တစ်အမတ်များနှင့် ကွန်ဂရက်ရှိ ရီပတ်ဘလစ်ကန်အမတ်များကပါ ချက်ချင်း ပယ်ချသွားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly