ဩဂုတ် ၁
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်ပိုင် ဗီဒီယိုအက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Tik Tok ကို စနေ့နေ့တွင် သမ္မတအမိန့်ဖြင့် ပိတ်ပင်ရန်စီစဉ်ထားသည်ဟု သောကြာနေ့က ပြောလိုက်သည်။
အဆိုပါလှုပ်ရှားမှုသည် Tik Tok က ကိုင်တွယ်နေသော ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံရေးအပေါ် အမေရိကန်အမျိုးသားလုံခြုံရေးစိုးရိမ်နေမှု၏ အဆုံးသတ်ဖြစ်လိမ့်မည်။ Tik Tok ၏ ပိုင်ရှင်ဖြစ်သော ပေကျင်းအခြေစိုက် ByteDance ကုမ္ပဏီအတွက် အကြီးမားဆုံးထိုးနှက်ချက်တစ်ခုလည်းဖြစ်ပေလိမ့်မည်။
“Tik Tok နဲ့ ပတ်သက်ပြီးတော့ အမေရိကန်မှာ တားမြစ်သွားမှာပါ။ အဲဒီအမိန့်ကို ကျွန်တော် မနက်ဖြန်လက်မှတ်ထိုးမှာပါ” ဟု ထရမ့်က Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များကို ပြောခဲ့ခြင်းဖြစ်သည်။
ByteDance ကုမ္ပဏီနှင့် Tik Tok မှာတာဝန်ရှိသူများသည် အဆိုပါပြောကြားချက်နှင့်ပတ်သက်၍ ချက်ချင်း တုံ့ပြန်ခဲ့ခြင်းမရှိပေ။