ရခိုင်ဒေသရွေးကောက်ပွဲ ကျင်းပဖြစ်မလား

ရခိုင်ဒေသရွေးကောက်ပွဲ ကျင်းပဖြစ်မလား

၂၀၁၇ စတင်ဘာလမှာ Live Event အဖြစ်စတင်ခဲ့ပြီး ၂၀၁၈ နိုဝင်ဘာလမှာ ခေတ္တရပ်နားထားခဲ့တဲ့ အသက် (၃၀) နှစ်အောက် လူငယ်များစကားဝိုင်း (U30Dialogue) ဟာ လူငယ်များနဲ့ အချိန်အနည်းငယ်ဝေးကွာခဲ့ပြီးတဲ့နောက် အသွင်သစ်တွေနဲ့ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ လူငယ်စကားဝိုင်း Under 30 Dialogue (Youth&Election) အဖြစ် ပြန်လည်အသက်ဝင်လာတော့မယ် ပထမဦးဆုံး တင်ဆက်မှုကတော့ - "ရခိုင်ဒေသရွေးကောက်ပွဲကျင်းပဖြစ်မလား?" (လူငယ်အမြင်) ဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ တတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲဟာ ၂၀၂၀ ခုနစ်မှာ ကျင်းပမှာဖြစ်ပါတယ်။ ၂၀၂၀ခုနစ်ဟာ အကျပ်အတည်းအလွန်များတဲ့ နှစ်တစ်နှစ်ပါ။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အနောက်ဘက် ရခိုင်‌ဒေသမှာ ကမ္ဘာ့ကပ်ရောဂါ Covid 19 ရဲ့ဒဏ်ကို အခြားဒေသများနည်းတူ ခံစားနေရသလို တပြိုင်နက်မှာလဲ (၂)နှစ်ကျော်ကြာ အရှိန်အဟုန်မြင့်လာတဲ့ ပြည်တွင်းစစ်ရဲ့ ဒဏ်ကိုလည်း ခံစား‌နေရပါတယ်။ ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲအဖြစ် ရခိုင်ဒေသအတွင်းရှိ မြို့နယ်အချို့ကို အစိုးရမှ အင်တာနက်ဖြတ်တောက်ထားသည်မှာ (၁)နှစ်ကျော်လာပြီ ဖြစ်ပါတယ်။

လက်ရှိကိစ္စရပ်များနဲ့ ရခိုင်ဒေသဟာ သတင်းအချက်အလက် ရရှိမှုနဲ့ လုံခြုံရေးအရ စိုးရိမ်စရာတွေ အလွန်များပြားနေပါတယ်။ ဒီအခြေအနေတွေနဲ့ ရခိုင်ဒေသမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြေ မည်သို့မည်ပုံရှိနိုင်သည်ကို အများပြည်သူများ စိတ်ဝင်စားလျက်ရှိကြပါတယ်။

လက်ရှိ စစ်ရေး၊နိုင်ငံရေးနှင့်ရွေးကောက်ပွဲဆိုင်ရာများနှင့် ဆက်စပ်၍ အရပ်ဖက်အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသော လူငယ်များ၊ နိုင်ငံရေးဆိုင်ရာ ဘာသာရပ်များကို လေ့လာနေ‌သောလူငယ်များနှင့် မဲဆန္ဒရှင်လူငယ်များ၏ အမြင်များကို စုစည်းတင်ပြလို၍ ယခုခေါင်းစဉ်ကို တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။

မေးခွန်းများမေးမြန်း၍ ပါဝင်ဆွေးနွေးလိုပါက ယခုပိုစ့်အောက်တွင် Comment‌ ရေးသားခဲ့၍ ဆွေး‌နွေးနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly