ဖလော်ရီဒါပြည်နယ်၌ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၉ ၃၀၀ ဦးရှိ

ဖလော်ရီဒါပြည်နယ်၌ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၉ ၃၀၀ ဦးရှိ

ဇူလိုင် ၂၇

အမေရိကန် ဖလော်ရီဒါပြည်နယ်တွင် တနင်္ဂနွေနေ့က တစ်ရက်တာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၉ ၃၀၀ ထိ မြင့်တက်ခဲ့ပြီး စုစုပေါင်း ကူးစက်သူဦးရေ ၄၂၃ ၈၅၅ ဦးရှိသွားပြီဖြစ်ကာ ကယ်လီဖိုးနီးယားပြည်နယ်ပြီးလျှင် ဒုတိယအများဆုံး ဗိုင်းရပ်စ်ကူးစက်ခံရသည့် ပြည်နယ်ဖြစ်သည်။  

ကယ်လီဖိုးနီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၄၈ ၄၉၇ ဦးရှိပြီး နယူးယောက်က တတိယနေရာ၌ရှိနေကာ ကူးစက်သူ ၄၁၅ ၈၂၇ ဦးရှိသည်။

သို့သော် နယူးယောက်တွင် သေဆုံးသူ ၃၂ ၀၀၀ ထက်မနည်းရှိကာ ‌သေဆုံးမှုအများဆုံးပြည်နယ်ဖြစ်ပြီး ဖလော်ရီဒါက ၆ ၀၀၀ နီးပါးနှင့် အဋ္ဌမမြောက်သေဆုံးမှုအများဆုံးဖြစ်သည်။

ပျမ်းမျှအားဖြင့် ဖလော်ရီဒါတွင် တစ်နေ့တာ ရောဂါကူးစက်သူ ၁၀ ၀၀၀ ကျော်ရှိပြီး ကယ်လီဖိုးနီးယားက ၈ ၃၀၀ ခန့်နှင့် နယူးယောက်က ၇၀၀ ဦးခန့် အသီးသီးရှိကြသည်။

ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron Desantis က ဩဂုတ်လ၌ ကျောင်းများပြန်ဖွင့်ရန်နှင့် နှာခေါင်းစည်းမတပ်မနေရစနစ်ကို ငြင်းပယ်သည်ဟု ထပ်တလဲလဲပြောဆိုနေသောကြောင့်လည်း ရောဂါကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။

နယူးယောက်တွင်မူ စတိုးဆိုင်များနှင့်စားသောက်ဆိုင်များပြန်ပိတ်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းများ ပြုလုပ်လာသောကြောင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့သည်။

အလက်စကာပြည်နယ်တွင် တနင်္ဂနွေနေ့က ကူးစက်သူ ၂၃၄ ဦးရှိခဲ့ကာ ဇူလိုင်လ၌ ဆယ်ကြိမ်မြောက် တစ်နေ့တာ စံတင်ချိန်ကူးစက်မှုဖြစ်ခဲ့ပြီး စုစုပေါင်း ၃ ၁၀၀ ဦး ကူးစက်ခံထားရသည်။

အိုကလားဟိုးမားပြည်နယ်၌လည်း ဇူလိုင်လအတွင်း ငါးကြိမ်မြောက်စံချိန်တင်ကူးစက်မှုအဖြစ် တနင်္ဂနွေနေ့က ကူးစက်သူ ၁ ၂၀၄ ဦးထပ်မံကူးစက်ကာ စုစုပေါင်း ၃၁ ၂၈၅ ဦးရှိသွားပြီဖြစ်သည်။

အမေရိကန်တွင် ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၁၄၆ ၀၀၀ ထက်မနည်းသေဆုံးထားပြီး တစ်ကမ္ဘာလုံးသေဆုံးသူအရေအတွက်၏ လေးပုံတစ်ပုံနီးပါးရှိသည်။  နိုင်ငံတွင်း ကူးစက်ခံရသူအရေအတွက် ၄.၂ သန်းနီးပါးရှိပြီး လူ ၇၉ ဦးလျှင် အနည်းဆုံးတစ်ယောက်နှုန်း ရောဂါကူးစက်ခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly