အာကာသအရေးနှင့် ပတ်သက်ကာ အမေရိကန်နှင့် ရုရှတို့ ဆွေးနွေးမည်

အာကာသအရေးနှင့် ပတ်သက်ကာ အမေရိကန်နှင့် ရုရှတို့ ဆွေးနွေးမည်

ဇူလိုင် ၂၅

အမေရိကန်နှင့် ရုရှနိုင်ငံတို့သည် ၂၀၁၃ နောက်ပိုင်း၌ ပထမဆုံးအဖြစ် အာကာသရေးရာနှင့် ပတ်သက်ပြီး လာမည့်သီတင်းပတ်တွင် ဆွေးနွေးကြမည် ဖြစ်သည်။

ယခုလအတွင်း ရုရှနိုင်ငံသည် အာကာသအတွင်း၌ ဂြိုဟ်တုဖျက် ဒုံးကျည် စမ်းသပ်မှု ပစ်ခတ်ခဲ့သည်ဟု အမေရိကန်က စွပ်စွဲထားပြီးနောက် ယခုကဲ့သို့ ဆွေးနွေးရန် ဖြစ်လာခဲ့သည်ဟု အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမေရိကန်နိုင်သည် ကမ္ဘာ့ပတ်လမ်း အပြင်ဖက်၌ ပြုမူဆောင်ရွက်မှုများအား တာဝန်ခံသည့် စံနှုန်းကို လိုက်နာဆောင်ရွက်ရန် မျှော်လင့်ထားသည်ဟု အမေရိကန် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးနှင့် အကျိုးအမြတ် မမျှော်ရေး လက်ထောက်အတွင်းဝန် ခရစ္စတိုဖာဖို့ဒ်က ပြောသည်။

အမေရိကန်နှင့် ရုရှတို့၏ ဆွေးနွေးပွဲသည် ဗီယင်နာ၌ တနင်္လာနေ့တွင် ကျင်းဖြစ်လိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးကလည်း ဆိုသည်။

ရုရှနှင့် တရုတ်နိုင်ငံတို့သည် အာကာသကို စစ်ပုံသွင်းနေသည်ဟု အမေရိကန်က ယူဆထားသည်ဟု ခရစ္စတိုဖာဖို့ဒ်က ပြောသည်။

ရုရှနိုင်ငံသည် ဇူလိုင် ၁၅ ရက်က ဂြိုဟ်တုဖျက်ဒုံးကျည်ကို အာကာသအတွင်း စမ်းသပ်ပစ်လွှတ်ခဲ့သည့် သက်သေအထောက်အထားများ ရှိထားကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly