ကာကွယ်ရေးအသုံးစရိတ် ‌ဒေါ်လာ ဘီလီယံ ၇၄၀ ကို ကန်အောက်လွှတ်တော် အတည်ပြု

ကာကွယ်ရေးအသုံးစရိတ် ‌ဒေါ်လာ ဘီလီယံ ၇၄၀ ကို ကန်အောက်လွှတ်တော် အတည်ပြု

ဇူလိုင် ၂၃

အမေရိကန် အောက်လွှတ်တော်သည် ပင်တဂွန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ဘီလီယံ ၇၄၀ လျာထားသော အမျိုးသားကာကွယ်ရေးအာဏာပိုင်အက်ဥပဒေ NDAA ကို အတည်ပြုလိုက်သည်။

ဒီမိုကရက်များ ဦးဆောင်သည့် အောက်လွှတ်တော်တွင် ထောက်ခံမဲ ၂၉၅ မဲ၊ ကန့်ကွက်မဲ ၁၂၅ မဲဖြင့် ၎င်းတို့မူဖြစ်သော NDAA အက်ဥပဒေကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထို့အတွက် ရီပတ်ဘရီကန်ဦးဆောင်သော ဆီးနိတ်လွှတ်တော်၌ NDAA အက်ဥပဒေ၏ ပြင်ဆင်တည်းဖြတ်သည့် မူကို ဆွေးနွေးရတော့ရန် ရှိပြီး သမ္မတ ထရမ့်က ယင်း ဥပဒေကြမ်းအား လက်မှတ်ထိုးမည် သို့မဟုတ် ဗီတိုအာဏာသုံး ပယ်ချမည်မှာ မကျိန်းသေသေးပေ။

အောက်လွှတ်တော်က အတည်ပြုသော NDAA သည် အာဖဂန်နစ္စတန် စစ်ပွဲ၌ ရန်ပုံငွေ သုံးစွဲမှုကို ကန့်သတ်ခြင်းနှင့် အမေရိကန်နိုင်ငံအတွင်း အမျိုးသားအစောင့်တပ် ဖြန့်ကြက်ခြင်းများကို ထိန်းချုပ်ခြင်းအပါအဝင် ထရမ့်၏ အာဏာအပေါ် ထိခိုက်မှုရှိသည်ဟု ယူဆစရာဖြစ်၍ ကန့်ကွက်ထားကြောင်း အိမ်ဖြူတော်က ပြောသည်။

မကြာသေးမီက ဖြစ်ပွားသော လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲများ၌ အမျိုးသားအစောင့်တပ်ဖြန့်ကြက်ခဲ့ခြင်းအပေါ် ပြည်နယ်နှင့် ဒေသခေါင်းဆောင်များက ကန့်ကွက်ထားကြသည်။

ရီပတ်ဘရီကန်ဦးဆောင်သော ဆီးနိတ်လွှတ်တော်သည် ယခုသီတင်းပတ်၌ NDAA ၏ ၎င်းတို့၏ မူကို ဆွေးနွေးလျက် ရှိနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly