အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ကြောင့် တစ်ရက်အတွင်း လူ ၁၂၇ ဦး သေဆုံး

အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ကြောင့် တစ်ရက်အတွင်း လူ ၁၂၇ ဦး သေဆုံး

ဇူလိုင် ၂၀

အင်ဒိုနီးရှားနိုင်ငံ၌ ဇူလိုင် ၁၉ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁၂၇ ဦးရှိခဲ့ကာ မတ်လနောက်ပိုင်း သေဆုံးမှုအများဆုံး နေ့တစ်နေ့ဖြစ်ခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၄ ၁၄၃ ဦးရှိသွားပြီဖြစ်သည်။

သေဆုံးသူအများစုမှာ ဂျာဗားပြည်နယ်အရှေ့ပိုင်းနှင့်အလယ်ပိုင်းတို့မှဖြစ်သည်ဟု ကိုဗစ်-၁၉ ဆိုင်ရာ အစိုးရပြောရေးဆိုခွင့်ရှိသူ Achmad Yurianto က ပြောသည်။

ရောဂါထပ်မံကူးစက်သူ ၁ ၆၃၉ ဦးရှိခဲ့သောကြောင့် စုစုပေါင်းကူးစက်ခံရသူဦးရေ ၈၆ ၅၂၁ ဦးရှိသည်။ ၎င်းတို့အနက် ၁၆ ၅၃၈ ဦးမှာ ဂျကာတာမှဖြစ်ပြီး ၁၈ ၃၀၈ ဦးမှာ အရှေ့ဂျာဗားပြည်နယ်မှဖြစ်ကြသည်။ စောင့်ကြည့်ခံလူနာ ၃၇ ၅၉၅ ဦးရှိသည်ဟု Achmad Yurianto ကပြောသည်။

ယနေ့အချိန်ထိ အရှေ့ဂျာဗားပြည်နယ်တွင် ကိုဗစ်ကြောင့်သေဆုံးသူ ၁ ၄၀၁ ဦးရှိပြီး ဂျာကာတာ၌ ၇၃၆ ဦးရှိသည်။ ဂျာဗားပြည်နယ်အလယ်ပိုင်းတွင်လည်း ကိုဗစ်ကြောင့်သေဆုံးသူ ၃၂၃ ဦးနှင့် ဆူလာဝေစီတောင်ပိုင်းတွင် ၂၇၉ ဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly