အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်သိန်းလေးသောင်းကျော်

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်သိန်းလေးသောင်းကျော်

ဇူလိုင် ၁၉

အမေရိကန်နိုင်ငံတွင် ပြည်နယ် ၅၀ ၌ ၄၃ ပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဆက်တက်တိုးများလာခြင်းကြောင့် စနေနေ့အရောက်တွင် သေဆုံးသူပေါင်း ၁၄၀၀၀၀ ကျော်အထိ ရှိသွားကြောင်း ရိုက်တာ၏ စစ်တမ်းကောက်ယူချက်အရ သိရသည်။

ဇွန်လနှောင်းပိုင်းမှ စတင်ပြီး အမေရိကန်၌ ကူးစက်မှုသစ်များ ထပ်တိုးများလာခဲ့ပြီး သီတင်းခြောက်ပတ်အကြာတွင် သေဆုံးသူ နှုန်းထား စတင်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်ဟု ပြည်နယ်နှင့် စီရင်စုများ၏ အချက်အလက်အ ပေါ် ရိုက်တာ၏ သီတင်းပတ်တာ စစ်တမ်းက ဖော်ပြသည်။

သီတင်းပတ်တိုင်းတွင် ဗိုင်းရပ်စ်ကြောင့် အမေရိကန်ပြည်သူ ၅၀၀၀ ခန့် သေဆုံးနေခြင်းပဲ ဖြစ်သည်။ ဆန့်ကျင်ဖက်အားဖြင့် အိမ်နီးချင်း ကနေဒါနိုင်ငံတွင် ကပ်ဘေးစတင်ချိန်မှစကာ လက်ရှိအထိ စုစုပေါင်း သေဆုံးသူမှာ ၈၈၀၀ ကျော် ရှိသည်။

အမေရိကန်၏ သီတင်းပတ်တစ်ပတ်အတွင်း သေဆုံးနှုန်းသည် ဆွီဒင်နိုင်ငံက ယခုနှစ်အစောပိုင်း ကပ်ဘေးစတင်ချိန်မှစ၍ ၅၆၀၀ ကျော် သေဆုံးနှုန်းနှင့် ညီမျှသလောက် စံချိန်တင်နေသည်။

အဆိုးဆုံး ကြုံတွေ့နေရသော စီရင်စုများသည် ရင်ခွဲရုံများ ပြည့်သွားခြင်းကြောင့် တာဝန်ရှိသူများက အလောင်းများ ထားရန် နေရာများ ဖန်တီးနေရသည်။

အာရီဇိုးနားပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့် ဖိုးနစ်မြို့ရှိရာ မာရီကိုပါစီရင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်သည်ဟု မျှော်လင့်ထားသည့် ရှေ့မှာပင် ရင်ခွဲရုံများ၌ ဝင်ဆံ့ပမာဏထက် နှစ်ဆကျော် သေဆုံးသူများကြောင့် ရုပ်အလောင်း ၂၈၀ ကို အအေးပေးစက် ၁၄ လုံးဖြင့် ထားရှိထားရသည်ဟု တာဝန်ရှိသူများက ပြောသည်။

တက္ကဆက်ပြည်နယ်တွင် ဆန်အန်တိုနီယိုမြို့နှင့် ဘီဆာစီရင်စုတို့၌လည်း ရုပ်အလောင်းပေါင်း ၁၈၀ ကို အအေးပေးစက်များဖြင့် ထားထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly