ပြည်ပကျောင်းသားများကို နိုင်ငံမှ နှင်ထုတ်မည့် အစီအစဉ် ဒေါ်နယ်ထရမ့်အစိုးရ ပြန်ရုပ်

ပြည်ပကျောင်းသားများကို နိုင်ငံမှ နှင်ထုတ်မည့် အစီအစဉ် ဒေါ်နယ်ထရမ့်အစိုးရ ပြန်ရုပ်

ဇူလိုင် ၁၅

အံ့အားသင့်ဖွယ်ရာ မူဝါဒ  ပြောင်းလဲမှုတစ်ခုအဖြစ် သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရအဖွဲ့သည် နိုင်ငံခြားကျောင်းသား၊သူများကို နိုင်ငံမှ အတင်းအကျပ် နှင်ထုတ်မည့် အစီအစဉ်တစ်ရပ်ကို ဇူလိုင် ၁၄ ရက်တွင် ပြန်လည်စွန့်လွှတ်လိုက်ပြီဟု သိရသည်။

ကောလိပ်တက္ကသိုလ်များနှင့် အဓိက စီးပွားရေးလုပ်ငန်းများထံမှ ပြစ်တင်မှုနှင့် ဖိအားပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ ထရမ့်အစိုးရက ယင်း၏ မူဝါဒကို ပြန်လည်ပြောင်းလဲသွားခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် အွန်လိုင်း သီးသန့် ဘာသာရပ်အတန်းများကို လုံးလုံးလျားလျား ပြောင်းရွှေ့သင်ကြားမည့် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူကိုယ်တိုင် တက်ရသည့် အခြားကျောင်းတစ်ခုခုကို ပြောင်းရွှေ့သင်ယူနိုင်ခြင်း မရှိပါက နိုင်ငံမှ ထွက်ခွာရလိမ့်မည် ဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်တွင် အမေရိကန် တာဝန်ရှိသူများက ကြေညာခဲ့သည်။

တက္ကသိုလ်များဘက်က ဥပဒေဆိုင်ရာ စိန်ခေါ်တရားစွဲမှုများ ရှိလာခဲ့ပြီနောက် ယခုအခါ အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။

သို့သော် ဘာသာရပ်အတန်းများကို အွန်လိုင်းသို့ ပြောင်းလဲသင်ယူလျင် နိုင်ငံခြားကျောင်းသား၊ ကျောင်းသူများ အမေရိကန်တွင် ဆက်ရှိနေနိုင်မည်လား ဆိုသည့်အပေါ် ကိုင်တွယ်ဖြေရှင်းနိုင်မည့် စည်းမျဉ်းတစ်ခုကို လာမည့်အပတ်များတွင် ထုတ်ပြန်ရန် အစိုးရဘက်က ရည်မှန်းထားဆဲဖြစ်ကြောင်း အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနမှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောသွားခဲ့သည်။

လက်ရှိအချိန်တွင် အမေရိကန် ကောလိပ်များ၊ တက္ကသိုလ်များတွင် နိုင်ငံခြားကျောင်းသား၊ ကျောင်းသူ တစ်သန်းကျော် ရှိနေပြီး ကျောင်းအများအပြားသည် ပြည်ပကျောင်းသားများထံမှ ရသော ၀င်ငွေကို မှီခိုနေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly