ကော့သောင်း ဒေသ၏ ကနုကမာ အချောထည်များ ခရီးသွား ဧည့်သည် အဝင် မရှိ၍ အရောင်း/ ဝယ် ရပ်တန့်နေ

ကော့သောင်း ဒေသ၏ ကနုကမာ အချောထည်များ ခရီးသွား ဧည့်သည် အဝင် မရှိ၍ အရောင်း/ ဝယ် ရပ်တန့်နေ

လက်မှု ပညာ လုပ်ငန်း တစ်ခုဖြစ်တဲ့ ကနု ကမာ လုပ်ငန်းဟာ COVID-19 ကူးစက် ရောဂါ ဖြစ်ပွား နေတဲ့ ကာလ အတွင်း ကော့သောင်း ဒေသမှာ ခရီးသွား ဧည့်သည်တွေ လာရောက်မှု မရှိတာကြောင့် အရောင်း/ဝယ်တွေ ရပ်တန့် နေတယ်လို့ အဆိုပါ လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ အခုလို အခြေအနေတွေကြောင့် ပုလဲနဲ့ ကနုကမာ လုပ်ကိုင်နေတဲ့ လုပ်ငန်း တချို့ ပိတ်သိမ်းရတဲ့ အထိ ဖြစ်ပေါ်လာတယ်လို့ လုပ်ကိုင်နေသူတွေက ဆိုပါတယ်။

 

အဆိုပါ ကနုကမာ အချောထည် လုပ်ငန်းကို လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က မြိတ်ဒေသနဲ့ ကော့သောင်း ဒေသတွေမှာ ကုန်ချော အဖြစ် အများဆုံး လုပ်ကိုင် နေကြပေမယ့် အခု အခါမှာတော့ ကုန်ကြမ်းနဲ့ လက်မှု ပညာရှင်တွေကို ခေါ်ယူရ ခက်ခဲလာတာကြောင့် အချောထည် လုပ်ငန်း လုပ်ကိုင်သူတွေလည်း နည်းပါး လာပါတယ်။

ရိုက်ကူး / တည်းဖြတ် - ဒီမိုးသွေး ( မြိတ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly