COVID-19 ကာလ အတွင်း ထိခိုက်မှုတွေ ရှိခဲ့တဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြန်လည် ကုစားနိုင်ဖို့ နိုင်ငံတော် အစိုးရက ချေးငွေ ထုတ်ပေးခဲ့ရာမှာ တနင်္သာရီတိုင်း အတွင်းက အသေးစား အလတ်စား လုပ်ငန်းရှင် ၄၀ ဦးကျော်က ချေးငွေ ရရှိခဲ့တယ်လို့ မြိတ်ခရိုင် စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေး ဦးစီးဌာနရုံးမှ တာဝန်ရှိသူက ပြောပါတယ်။
တနင်္သာရီတိုင်း အတွင်းက ချေးငွေ ရယူဖို့ လျှောက်ထားသူ ၇၀ ကျော်ရှိခဲ့ပြီး အဲဒီ အထဲက ၄၀ ကျော်က ချေးငွေ ထုတ်ယူခွင့် ရရှိခဲ့တာပါ။
ရိုက်ကူး / တည်းဖြိတ် - ဒီမိုးသွေး ( မြိတ် )