ဒီတပတ်မှာတော့ အီတလီနိုင်ငံကို သွားကြရမှာပါ။ အီတလီနိုင်ငံမှာ မျိုးရိုးစဉ်ဆက် လုပ်လာကြတဲ့ သစ်သားသင်္ဘောဆောက်လုပ်ရေးှလုပ်ငန်းနေရာမှာ ဖိုင်ဘာသားတွေ၊ သံမဏိသားတွေနဲ့လုပ်တဲ့ သင်္ဘောတွေ အစားထိုးနေရာယူလာနေပါတယ်။ ဒါကြောင့် နှစ်ပေါင်းရာနဲ့ချီထဲက လုပ်ကိုင်လာတဲ့ သင်္ဘောဆောက်လုပ်ရေးလုပ်ငန်း တိမ်ကောမသွားအောင် ဆိပ်ကမ်းမြို့လေးတခုမှာ ဘယ်လိုကြိုးစားနေသလဲဆိုတာကို ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ မစုမြတ်မွန်နဲ့အတူ သွားလေ့လာကြရအောင်ပါ။