ဇွန် ၂၄
စင်္ကာပူနိုင်ငံတွင် မနေ့မနက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမများ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး သစ်ပင်တစ်ပင် ပြိုလဲခဲ့သည်။
Pan-Island အမြန်လမ်းမကြီးသို့သွားရာ Bukit Timah လမ်းမပေါ် ၌ နို့စားနွားမွေးမြူရေးခြံအနီး သစ်ပင်တစ်ပင်ပြိုလဲခဲ့ကာ ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း လမ်းမီးတိုင်တစ်တိုင်ပျက်စီးသွားခဲ့သည်။
Jurong မြို့တော်ခန်းမလမ်း၊ Operat Estate ၊ အထက်ချန်ဂီလမ်းသစ်နှင့် အထက်ချန်ဂီလမ်းနှင့် Bedok North Avenue 4 လမ်းဆုံတို့တွင် ရေကြီးရေလျှံမှုများရှိခဲ့ကြောင်း ပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်ဌာနက ပြောသည်။ မနက် ၈ နာရီခွဲတွင် ရေများတက်လာခဲ့ပြီး ၉ နာရီ ၂၀ မိနစ် ခန့်တွင် ရေပြန်ကျသွားသည်ဟု သိရသည်။
Bedok South ရပ်ကွက်တွင် မိုးအများဆုံးရွာသွန်းခဲ့ပြီး မိုးရေချိန် ၁၀၈.၈ မီလီမီတာရှိခဲ့ကာ ဇွန်လ စင်္ကာပူပျှမ်းမျှလစဉ်မိုးရေချိန်၏ ထက်ဝက်ကျော်ရှိသည်။
လူမှုမီဒီယာ၌တင်ထားသော ဗီဒီယိုများအရ ချန်ဂီမီးသတ်ဌာနအနီးတွင် ကားအချို့ ရေနစ်မြုပ်ခဲ့သည်။ မီးသတ်ဌာနအနီး ရေကြီးနေသောနေရာ၌ သောင်တင်နေကြသော ကားမောင်းသမားများ၊ ခရီးသည်များနှင့် လမ်းသွားလမ်းလာများကို မီးသတ်သမားများက ကူညီကယ်ဆယ်ပေးခဲ့ရသည်။