ဂျော့ချ်ဖလွိုက် သေဆုံးမှုအတွက် ဂရိဆန္ဒပြသူများက အမေရိကန်သံရုံးကို မီးလောင်ဗုံးများဖြင့် ပစ်ပေါက်

ဂျော့ချ်ဖလွိုက် သေဆုံးမှုအတွက် ဂရိဆန္ဒပြသူများက အမေရိကန်သံရုံးကို မီးလောင်ဗုံးများဖြင့် ပစ်ပေါက်

ဇွန် ၅

အမေရိကန်နိုင်ငံတွင် ရဲလက်ချက်ဖြင့် လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးမှုအတွက် ဂရိက ဆန္ဒပြသူများသည် အေသင်ရှိ အမေရိကန်သံရုံးသို့ ချီတက်ပြီး မီးလောင်ဗုံးများဖြင့် ပစ်ပေါက်ကြသည်။

လုံခြုံရေး ထူထပ်စွာချထားသည့် သံရုံးသို့ ဦးတည်သော လမ်းပေါ်တွင် မီးရှို့ထားကြသကဲ့သို့ ဆန္ဒပြသူများက မီးလောင်နေသော အရာများဖြင့် သံရုံးကို ပစ်ပေါက်ကြရာ ရဲက မျက်ရည်ယိုဗုံးများ ပစ်ခတ်ပြီး တုံ့ပြန်သည်ကို ရိုက်တာသတင်းထောက်များက မြင်တွေ့ခဲ့သည်။

သံရုံးမှာ ရဲကားပြာများ တန်းစီ ရပ်ထားပြီး ပိတ်ဆို့ထားသည်။

ဆန္ဒပြသူများက “လူမည်းတို့ရဲ့ အသက်”နှင့် “ကျွန်တော် အသက်ရှုလို့ မရတော့ဘူး”ဟူသော စာတမ်းများကို ကိုင်ဆောင်ထားကြသည်။

ဆန္ဒပြအင်အားသည် လူ ၃၀၀၀ ကျော်ထက်မနည်း ရှိကြောင်း ရဲသတင်းရင်းမြစ်က ခန့်မှန်းသည်။

မင်နီယာပိုလိစ်မြို့တွင် ဂျော့ချ်ဖလွိုက်အား ငွေအတု သုံးစွဲသည် သံသယဖြင့် ရဲက ဖမ်းစဉ်၌ မြေပေါ်မှောက်လဲခိုင်းပြီး ဇက်အပေါ် ဒူးဖြင့် တက်ဖိထားသဖြင့် ဂျော့ချ်ဖလွိုက်က ‘ကျွန်တော် အသက်ရှုလို့ မရတော့ဘူး။’ဟု နောက်ဆုံးစကားပြောပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly