အခုဆက်ပြီးတော့ အာကာသထဲကနေ ကလေးတွေအတွက် ပုံပြင်ပြောပေးနေတဲ့အကြောင်း တင်ဆက်ပေးချင်ပါတယ်။ ကမ္ဘာတဝှမ်းက ကလေးတွေအတွက် ညအိပ်ယာဝင်ပုံပြင်တွေကို အပြည်ပြည်ဆိုင်ရာ အာကာသစခန်းက အာကာသယာဉ်မှူးတွေက ဖတ်ပြပေးနေပါတယ်။ သိပ္ပံပညာရပ်အကြောင်း ကလေးတွေစိတ်ဝင်စားလာစေဖို့ ရည်ရွယ်ပြီး ကမ္ဘာမြေပြင်ပေါ်မှာ မရနိုင်တဲ့ ထူးခြားတဲ့ အာကာသထဲက အတွေ့အကြုံတွေကိုပါ ထည့်ပြီး ပြောပြနေကြတာပါ။ Mike O’Sullivan ရဲ့သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။