မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ ဂျပန်ရဲ့ နည်းပညာကို အသုံးပြုပြီး ၎င်းရဲ့ ပထမဆုံး ဂြိုဟ်တုကို လွှတ်တင်ဖို့ စီစဉ်နေတယ်လို့ Nikkei Asian Review က ဖော်ပြထားပါတယ်။
နိုင်ငံက အင်ဂျင်နီယာတွေနဲ့ သုတေသီတွေဟာ ultrasmall ဂြိုဟ်တုကို မြှင့်တင်မှုပြုလုပ်မှာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ Hokkaido တက္ကသိုလ်နဲ့ Tohoku တက္ကသိုလ်တို့ရဲ့ အကူအညီနဲ့ ဂြိုလ်တုကို ကမ္ဘာပတ်လမ်းထဲ လွှတ်တင်မှာဖြစ်ပါတယ်။
ဒီဂြိုလ်တုဟာ ကမ္ဘာမြေကြီးလေ့လာရေး ဂြိုဟ်တုတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးမှာ ကုန်ထုတ်စွမ်းအားတိုးမြှင့်ခြင်း၊ သဘာဝဘေးအန္တရာယ်တွေကနေ ကာကွယ်ခြင်းနဲ့ လျှော့ချခြင်း၊ သဘာဝပတ်ဝန်းညစ်ညမ်းမှုကို စောင့်ကြည့်ခြင်းတွေအတွက် အသုံးပြုလိမ့်မယ်လို့ ယင်းသတင်းမှာ ဖော်ပြထားပါတယ်။