ကိုဗစ် ကာလအတွင်း ပိတ်ထားတာ နှစ်လနီးပါးရှိနေတဲ့ မန္တလေးမြို့ ပုသိမ်ကြီး မြို့နယ်အတွင်းက အုတ်စက်တွေက လုပ်သားတစ်ချို့ ဒီကနေ့မှာ အလုပ်ခွင်ပြန်လည် ဝင်နေကြပါပြီ။အုပ်စုဖွဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်ပေမယ့် အခုခါမှာ အုပ်စက်တစ်ခုမှာ ငါး ဦးကနေ ၁၀ဦး အထိသာ လုပ်ကိုင်နေကြရပါတယ်။အခုလို လုပ်ကိုင်နေရပေမယ့် လုပ်သားတွေအနေနဲ့ စား၊ဝတ်၊နေရေး အခက်အခဲတွေ ရှိနေပါသေးတယ်။
ရိုက်ကူး / တည်းဖြတ် - အောင်ကိုဦး