ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ချစ်သူဖြစ်တဲ့ ဂျော်ဂျီနာကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်အတွင်းမှာ နေထိုင်နေရစဉ်မှာ သူမရဲ့ အချိန်တော်တော်များများကို လေ့ကျင့်ခန်း အစီအစဉ်တွေနဲ့ပဲ အချိန်ကုန်နေခဲ့တာပါ။
သူမရဲ့ အင်စတာဂရမ်ပေါ်မှာ လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယို တော်တော်များများကို မြင်ရမှာဖြစ်ပြီး နောက်ဆုံးတင်ထားတဲ့ ဗီဒီယိုကိုတော့ ပရိသတ်တွေ ပိုလို့ သဘောကျခဲ့ကြပါတယ်။
အကြောင်းကတော့ သူ့ရဲ့သမီးလေး အေလာနာကြောင့်ပါပဲ။ ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ရဲ့ (၂)နှစ်အရွယ် သမီးငယ်လေးဟာ မိခင်ဖြစ်သူ လေ့ကျင့်ခန်းလုပ်နေတဲ့ နေရာအနီးမှာ တစ်ယောက်တည်း မိတ်ကပ်တွေ လိမ်းနေခဲ့ပြီး မိခင်ဖြစ်သူကို လိုက်ရှုပ်နေခဲ့တာကို ဒီဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရမှာပါ။
သူမက ဂျော်ဂျီနာ ပြင်ဆင်ထားတဲ့ ကင်မရာကိုလည်း တိုက်ချပစ်ခဲ့ပြီး ဂျော်ဂျီနာရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှတ်တမ်းတင်မှုကို ရှုပ်ထွေးသွားအောင် လုပ်ခဲ့တာပါ။
ဒါပေမယ့်လည်း ပရိသတ်တွေကတော့ ဒီဗီဒီယိုကို အရင်က ဂျော်ဂျီနာ တင်ခဲ့တဲ့ ဗီဒီယိုတွေထက် ပိုပြီး ကြိုက်နှစ်သက်ခဲ့ကြပါတယ်။
အင်စတာဂရမ်ပရိသတ် (၁၇)သန်း ရှိနေပြီဖြစ်တဲ့ ဂျော်ဂျီနာဟာ လက်ရှိအချိန်မှာ ရော်နယ်ဒိုနဲ့အတူ ပေါ်တူဂီနိုင်ငံ၊ မာရီဒါမှာ နေထိုင်နေပြီး ရော်နယ်ဒိုဟာ အီတလီမြေကို လေ့ကျင့်ခန်း အစီအစဉ်တွေ ပြုလုပ်ဖို့ ရက်ပိုင်းအတွင်း ပြန်သွားရတော့မှာဖြစ်ပါတယ်။