ကွန်ဂိုမှာ လူ့ကျင်ငယ်ရေသောက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို ကုသနေ

ကွန်ဂိုမှာ လူ့ကျင်ငယ်ရေသောက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို ကုသနေ

ဧပြီ ၂၃

COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကွန်ဂိုနိုင်ငံမှာ Kinshasa မြို့ကလူတွေဟာ ဗိုင်းရပ်စ်ကို ကုသဖို့ ဆေးဖက်ဝင်အပင်၊ အမြစ်တွေနဲ့ ရိုးရာနည်းတွေကို အားထားလာကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်ဆိုရင် သင့်ရဲ့ကျင်ငယ်ရေကိုသာသောက်လိုက်ပါ ဆိုပြီး ဒေသခံတွေအကြားမှာ ပြောစမှတ်ဖြစ်နေကြပါတယ်။

အာဖရိကပြည်သူတွေဟာ ဗိုင်းရပ်စ်ကုသဖို့ရာ ဆင်းရဲချို့တဲ့လွန်းတာကြောင့် မြောက်မြားစွာသော ကုထုံးတွေနဲ့ကုသကြရာမှာ  အခုလို ကျင်ငယ်ရေသောက်ပြီးရမ်းကုတဲ့နည်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

သိပ္ပံနည်းအရတင်းကျပ်တဲ့သတိပေးမှုတွေ ရှိနေပေမယ့်လည်း ဗိုင်းရပ်စ်ကို ကာကွယ်တားဆီးနိုင်ဖိုအရေး ရသမျှနည်းတွေနဲ့ကုသဖို့ လှုံ့ဆော်နေကြပြီး ရိုးရာဆေးနည်းတွေနဲ့ပေါင်းစပ်ကာ အရဲစွန့်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

တခါတလေ အတုအယောင်တွေ သံသယရှိနိုင်တဲ့ စုပေါင်းစပ်ပေါင်းနည်းတွေကိုပါ တွေ့ရှိရတတ်ပြီး အများလက်ခံထားတဲ့ရိုးရာကုသနည်းတွေဟာ အနောက်တိုင်းဆေးဝါးတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်။

အာဖရိကတစ်ဝှမ်းမှာ ဂျင်း၊ ရှောက်သံပုရာကစလို့ သစ်ခေါက်နဲ့ ဆေးဖက်ဝင်ပင်အဆုံး ကုသဆေးအဖြစ် အသုံးပြုနေကြပြီး ကွန်ဂိုနိုင်ငံမှာလည်း ပရဆေးရောင်းသူရဲ့အကြံပြုချက်အရ ကျင်ငယ်ရေကိုပါ ဗိုင်းရပ်စ်ကုထုံးအဖြစ် သောက်သုံးနေကြပါတယ်။ သမ္မတတွေကပါ အဆိုပါရိုးရာကုထုံးနည်းတွေတိုင်း လိုက်လုပ်ကြတယ်လို့သိရပါတယ်။

သမားရိုးကျမဟုတ်တဲ့ ကုထုံးတွေဟာ COVID-19 ရောဂါကို ကာကွယ်တားဆီးနိုင်တဲ့ သိပ္ပံဆိုင်ရာ အထောက်အထားမရှိကြောင်းနဲ့ စားသုံးဖို့ရာ မသင့်တဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ အမေရိကန် ရောဂါထိန်းချုပ်ရေးစင်တာ (CDC) တို့က သတိပေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required