ရန်ကုန် ၇ မြို့နယ်နေသူများ အိမ်တွင်းဆက်အောင်းဖို့ ညွှန်ကြား

ရန်ကုန် ၇ မြို့နယ်နေသူများ အိမ်တွင်းဆက်အောင်းဖို့ ညွှန်ကြား

ဧပြီ ၁၈၊ ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ခုနှစ်မြို့နယ်မှာ နေသူတွေအတွက် သင်္ကြန်ကာလကတည်းက နေအိမ်အောင်းနေထိုင်တာကို ဆက်လုပ်ရမှာဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး အများပြည်သူကို မိမိနေအိမ်မှာပဲ နေထိုင်ဖို့ (Stay at Home) ဒီနေ့မှာပဲ ညွှန်ကြားလိုက်တာမှာ ရန်ကုန်တိုင်းဒေသကြီးထဲက တောင်ဥက္ကလာပမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်တွေပါဝင်ပါတယ်။

ဘာတွေလုပ်ခွင့်ပြုလဲ

  • - စားရေးသောက်ရေးအတွက် မဖြစ်မနေ ဈေးဝယ်ရန်လိုအပ်ပါက တစ်အိမ်လျှင် တစ်ဦး သွားရောက်ရန်၊
  • - ဆေးရုံ၊ ဆေးခန်း သွားရန်ရှိပါက တစ်အိမ် နှစ်ဦး သွားရောက်ရန်၊
  • - မော်တော်ယာဉ်ဖြင့် ဈေးဝယ်မည် ဆိုပါက ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦးခွင့်ပြုသည်။
  • - ဆေးရုံ၊ ဆေးခန်း သွားမည်ဆိုပါက ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦး ခွင့်ပြုသည်။

အမိန့်မလိုက်နာရင် ဘာဖြစ်မှာလဲ

အမိန့်ဟာ ဧပြီလ ၁၈ရက်နေ့ ညနေ ၆နာရီကနေ စတင်အကျုံးဝင်မှာဖြစ်လို့မလိုက်နာသူတွေကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေအရ အရေးယူဆောင်ရွက်သွားလိမ့်မှာဖြစ်ပါတယ်။

ကင်းလွတ်ခွင့်ရသူများ

ဒီ မြို့နယ် ခုနှစ်မြို့နယ်က အစိုးရဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့ တာဝန်ထမ်းဆောင်ဖို့ သွားရောက်သူတွေကတော့ ယခုအမိန့်မှာအကျုံးမဝင်ဘဲ လုပ်ငန်းခွင်ကို ပုံမှန်အတိုင်း သွားလာနိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly