သီရိလင်္ကာ၌ လော့ခ်ဒေါင်းကာလအတွင်း ပြည်သူတွေ မပျင်းရလေအောင် စစ်တပ်က တေးဂီတဖျော်ဖြေပွဲတွေ ပြုလုပ်

သီရိလင်္ကာ၌ လော့ခ်ဒေါင်းကာလအတွင်း ပြည်သူတွေ မပျင်းရလေအောင် စစ်တပ်က တေးဂီတဖျော်ဖြေပွဲတွေ ပြုလုပ်

ဧပြီ ၁၁

သီရိလင်္ကာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် လော့ခ်ဒေါင်း (lockdown) ချမှတ်ထားရတဲ့ ကာလမှာ နေအိမ်တွေမှာပဲ နေနေကြရတဲ့ ပြည်သူတွေကို စစ်သားတွေက တေးဂီတနဲ့ ဖျော်ဖြေတင်ဆက်ပေးနေတယ်လို့ သိရပါတယ်။

ခရာတွေ၊ ဂီတာတွေကတော့ သီရိလင်္ကာစစ်သားတွေ လက်ရှိကာလမှာ ထပ်တိုးကိုင်ဆောင်နေတဲ့ ပစ္စည်းတွေ ဖြစ်နေပါပြီ။

COVID-19 တိုက်ဖျက်ဖို့ လော့ခ်ဒေါင်းချထားတာကြောင့် နေအိမ်တွေမှာပဲ နေထိုင်နေကြရတဲ့ ကိုလံဘိုဒေသခံတွေအတွက် သီရိလင်္ကာစစ်သားတွေဟာ ဆင်ဟလီစ် ပေါ့ပ်တေးသွားတွေကို ကျယ်လောင်စွာ ဆိုတီးပေးခဲ့ကြပါတယ်။

ဒါဟာ လော့ခ်ဒေါင်းကာလအတွင်း ပြည်သူတွေ စိတ်ခွန်အားတက်ကြွစေဖို့ ရည်ရွယ်ပြီး ခုလိုမျိုး စစ်တပ်က ဂီတဖျော်ဖြေမှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

ပြည်သူတွေအပန်း‌ ပြေစေဖို့ စစ်တပ်က တေးဂီတဖျော်ဖြေပွဲတွေ ပြုလုပ်ပေးရာမှာတော့ ပြည်သူတစ်ချို့ဟာ ၎င်းတို့တွေရဲ့ တိုက်ခန်း ဝရံတာ ဒါမှမဟုတ် ပြတင်းပေါက်တွေကနေပဲ ကြည့်ရှုအားပေးခဲ့ကြသလို တစ်ချို့ဆိုရင်လည်း နေအိမ်အပြင်ဘက် ခြေလှမ်းအနည်းငယ် ထွက်ပြီး ကြည့်ရှုအားပေးမှုတွေလည်း ရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly