စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဆိုတာကတော့ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်ဆိုတာ ဘယ်လိုမှ ငြင်းနိုင်ဖွယ်မရှိပါဘူး။ သူက ဘောလုံးရာသီတိုင်းလိုလို တည်ငြိမ်တဲ့ခြေစွမ်းမျိုး ပြသထားသူတစ်ယောက်ဖြစ်ပြီး (၂၀၀၄)ခုနှစ်မှာ စပါးအသင်းရဲ့ အကယ်ဒမီကိုရောက်ရှိလာခဲ့ပြီး (၅)နှစ်အကြာမှာ စပါးအသင်းကြီးဆီ ခေါ်ယူခြင်းခံခဲ့ရတဲ့ ဟယ်ရီကိန်းဟာ စပါးအတွက် (၁၉၈)ပွဲ ကစားထားပြီး (၁၃၆)ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။
သူနဲ စပါးအသင်းရဲ့စာချုပ်က (၂၀၂၄)ခုနှစ်အထိ ရှိတယ်ဆိုပေမယ့်လည်း လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဟယ်ရီကိန်းဟာ လာမယ့်အပြောင်းအရွှေ့ကာလမှာ စပါးအသင်းကို စွန့်ခွာသွားဖို့ရှိနေတယ် ဆိုတာပါပဲ။
Ole Gunnar Solskjær on Harry Kane: "I have to say I like someone who can finish half a chance and he does that. He's one of the best.. but he's a Tottenham player." pic.twitter.com/IDy9l1TJVg
— ً (@utdrobbo) March 29, 2020
အကြောင်းရင်းကတော့ စပါးအသင်းရဲ့ အောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ အခြေအနေတွေကြောင့်ပါ။ (၂၀၀၈)ခုနှစ်မှာ ချယ်လ်ဆီးကို အနိုင်ယူပြီး လိဂ်ဖလားတစ်လုံး ရယူခဲ့ခြင်းက စပါးအသင်းရဲ့ နောက်ဆုံးအောင်မြင်မှုပဲဖြစ်ပြီး အဲဒီနောက်မှာတော့ ဘာဆုဖလားမှ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ ရာသီတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိရောက်ရှိခဲ့ပေမယ့်လည်း လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပြီး ဆုဖလားနဲ့ဝေးကွာခဲ့ရတာက ဟယ်ရီကိန်းကို ကြေကွဲသွားစေခဲ့ပါတယ်။
Harry Kane was honest about his Tottenham future pic.twitter.com/VPm2nXNdot
— B/R Football (@brfootball) March 29, 2020
အဲဒီနောက်မှာတော့ ဟယ်ရီကိန်းသာ စပါးမဟုတ်တဲ့ အသင်းကြီးတစ်သင်းဆီ ရောက်ရှိသွားမယ်ဆိုရင် ဥရောပမှာ အကောင်းဆုံး ကစားသမား ဖြစ်လာမယ့်အပြင် အောင်မြင်မှုတွေလည်း ဆွတ်ခူးနိုင်လိမ့်မယ်ဆိုတဲ့ သုံးသပ်မှုတွေ ၊ ထင်မြင်ချက်တွေ ထွက်လာခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ဟယ်ရီကိန်းက ဒဏ်ရာကြောင့် နားနေရတာပါ။ သူက ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက တံကောက်ကြောဒဏ်ရာကြောင့် နားနေခဲ့ရတာဖြစ်ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာလုနီးမှာမှ Covid-19 ကြောင့် ထပ်ပြီး နားနေရပြန်တာပါ။
စပါအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ဟယ်ရီရက်နက် ကတော့ သူ့အနေနဲ့ စပါးအသင်းကို တကယ်ချစ်ပေမယ့် ဟယ်ရီကိန်းအနေနဲ့တော့ ဒီ့ထက်တိုးတက်ချင်တယ်ဆိုရင် စပါးအသင်းကနေ ပြောင်းရွှေ့သင့်တယ် ဆိုတဲ့အကြောင်းမှတ်ချက်ပေးလိုက်ပါတယ်။
Harry Kane says he may leave Tottenham! Wow #thfc pic.twitter.com/eW1yF2nYuW
— Terry Flewers (@terryflewers) March 29, 2020
ဟယ်ရီကိန်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး စာရင်းမှာ အဆင့်(၁၃)နေရာကို ယူထားပြီး သူ့ကိုသာ ရောင်းမယ်လို့ လေသံပစ်လိုက်တာနဲ့ ဝယ်ယူချင်တဲ့အသင်းတွေ တန်းစီပြီး ထွက်လာမှာပါ။
ဟယ်ရီကိန်း ကိုယ်တိုင်ကတော့ သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ အပြောင်းအရွှေ့နဲ့ဆိုင်တဲ့ မေးခွန်းတွေကို အမြဲတစေ နှုတ်ဆိတ်နေခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အသင်းအနေနဲ့ တိုးတက်လာတာမျိုး မရှိဘူးဆိုရင် အသင်းပြောင်းဖို့က မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲလို့ ဝန်ခံထားခဲ့ပါတယ်။ ဒီတော့ စူပါတိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့က တကယ်ပဲ အကောင်အထည်ပေါ်လာတော့မလား၊ သူချစ်တဲ့စပါးမှာဆက်နေမလား၊ အောင်မြင်ဖို့အတွက် တခြားနယ်မြေကို ခြေချမလားဆိုတာကတော့…..။