Covid-19 ကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရပြီး ဘောလုံးသမားတွေလည်း အိမ်မှာ အနားယူနေကြရတဲ့အချိန်မှာ မန်စီးတီးအသင်း တိုက်စစ်မှူး ဂျီးဆပ်ကတော့ စက်ဘီးတစ်စီးနဲ့ စျေးဝယ်ထွက်နေတာကို တွေ့ခဲ့ရပါတယ်။
သူက သူ့ရဲ့ သူငယ်ချင်း (၃)ယောက်နဲ့အတူ မြို့ထဲမှာရှိတဲ့ ကုန်တိုက်ကို သွားခဲ့တာဖြစ်ပြီး စက်ဘီးကိုယ်စီအပြင် ကျောဖက်မှာလည်း ပစ္စည်းထည့်စရာအိတ်တွေကို သယ်သွားခဲ့ကြတာပါ။
Gabriel Jesus and the boys biking a two-mile round trip to Tesco to pick up supplies...
[via @SunSport] pic.twitter.com/VKUJvjCunK
— Man City Xtra (@City_Xtra) March 20, 2020
ဖက်ရှင်နဲ့ ပတ်သက်ပြီး စတိုင်ကျသူ တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပေမယ့် ဂျီးဆပ်ရဲ့ စျေးဝယ်ထွက်ပုံကတော့ ခြေအိတ်အစိမ်းရောင်နဲ့ ခြေညှပ်ဖိနပ်နဲ့ပါပဲ။ ကြည့်ရတာ နည်းနည်း အူကြောင်ကြောင်နိုင်ပေမယ့် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်နဲ့ပါ။
မန်စီးတီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ကိုယ်ပိုင် မာစီဒီးစ်ကားနဲ့ လာရောက်လေ့ရှိတဲ့ ဒီ ဘရာဇီးသားကို ဒီလိုတောင်တက်စက်ဘီးလေး စီးနေတာ တွေ့ရလို့ ပရိသတ်တွေလည်း အထူးအဆန်းဖြစ်ခဲ့ကြတာပါ။
URGENTE
Gabriel Jesus deixa o futebol e se dedica a carreira no Mountain Bike.
Veja fotos do ex atacante treinando sua nova modalidade de esporte.
pic.twitter.com/Hpyt3zy95u— Gabriel Jesus OMJP (@omeninodoperi9) March 16, 2020
ဂျီးဆပ်အနေနဲ့ သူနေထိုင်တဲ့နေရာအနီးမှာရှိတဲ့ စတိုးဆိုင်ကြီးဆီ သွားဖို့ဆိုရင် (၂)မိုင်လောက် စက်ဘီးနင်းရမှာဖြစ််ပြီး ဒါက သူ့အတွက် လေ့ကျင့်ခန်းအစီအစဉ်တစ်ခုအဖြစ် လုပ်ဆောင်ခဲ့ပုံပါပဲ။
ဂျီးဆပ်ဟာ စက်ဘီးစီးဝါသနာပါသူ တစ်ယောက်လို့ ပြောရမှာဖြစ်ပြီး စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတတ်တဲ့ သူ့ရဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ မကြာခဏဆိုသလို တွေ့ရလေ့ရှိပါတယ်။
Gabriel Jesus no role de bike pic.twitter.com/BIl6ndgfAh
— SE Palmeiras (@Palmeir4s) May 26, 2017
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ ကတော့ ဂျီးဆပ် အပါအဝင် သူ့ရဲ့ ကစားသမားတွေကို ဧပြီ(၃၀)ရက်အထိ လေ့ကျင့်ရေးကွင်းဆီ မလာခိုင်းပဲ အိမ်မှာ အနားယူခိုင်းထားတာပါ။ Covid-19 ရဲ့ ပျံ့နှံ႔မှုဟာ ဗြိတိန်နိုင်ငံအတွင်းမှာ အခြေအနေ ဆိုးနေခဲ့တာကြောင့် ပရီးမီးယားလိဂ် ကစားသမားတွေရဲ့ အနားယူရချိန်ဟာ ဒီ့ထက်ပိုပြီးလည်း ကြာမြင့်ကောင်း ကြာမြင့်နိုင်ပါတယ်။
ဂျီးဆပ်ကတော့ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် (၂၄)ပွဲ ကစားပေးထားပြီး သွင်းဂိုး (၁၀)ဂိုး သွင်းယူပေးထားပါတယ်။ သူက လာမယ့် အပြောင်းအရွှေ့မှာ မန်စီိးတီးအသင်းကနေ ထွက်ခွာသွားရနိုင်တယ်လို့ သတင်းထွက်နေသူလည်းဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ စိတ်ဝင်စားမှုကိုလည်း ခံနေရသူပါ။