အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ Sky Sports ရဲ့ အစီအစဉ်တင်ဆက်သူဟောင်း တစ်ယောက်လည်းဖြစ်၊ စီးရီးအေပြိုင်ပွဲတွေရဲ့ တင်ဆက်သူ တစ်ယောက်လည်းဖြစ်တဲ့ ဒီလက်တာ လီယော့တာ ကတော့ Covid-19 အန္တရာယ်ကြောင့် နေအိမ်ကနေ တတ်နိုင်သလောက် အလုပ်လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အသက် (၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အစီအစဉ်တင်ဆက်သူလေးဟာ သူမရဲ့ နေအိမ်မှာ အလုပ်လုပ်နေတဲ့ ချစ်စရာ ဓာတ်ပုံလေးတွေကို တင်ပြီး သူမလို နေအိမ်ကနေ အလုပ်လုပ်ကြဖို့ တိုက်တွန်းလိုက်တာပါ။
အီတလီနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတဲ့ Covid-19 ဗိုင်းရပ်စ်ကူးစက်မခံရစေဖို့ နေအိမ်ကနေ အလုပ်လုပ်ကြခြင်းဟာ အကောင်းဆုံးဖြစ်ကြောင်းနဲဲ့ တတ်နိုင်သလောက် နေအိမ်ထဲကနေ အပြင်မထွက်ပဲ နေကြစေလိုကြောင်း ဒီလက်တာ က တိုက်တွန်းလိုက်ပါတယ်။
သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ တင်ထားတဲ့ ဓာတ်ပုံတွေမှာတော့ ဒီလက်တာ ကို ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေနဲ့ တွေ့ခဲ့ရပြီး နေအိမ်အတွင်းစားပွဲပေါ်မှာ ကွန်ပြူတာ တစ်လုံးနဲ့ အလုပ်လုပ်နေခဲ့တာကို မြင်ရမှာပါ။
လက်ရှိအချိန်မှာ DAZN ရုပ်သံလိုင်းအတွက် အလုပ်လုပ်နေပြီဖြစ်တဲ့ ဒီလက်တာ ရဲ့ ဓာတ်ပုံလေးတွေကို ကြိုက်နှစ်သက်သူ (၆)သိန်းကျော်အထိ ရှိခဲ့ပြီး သူမရဲ့ အင်စတာဂရမ်ပရိသတ်တွေက သဘောကျကြောင်း ပြသခဲ့ကြပါတယ်။
အချို့မှတ်ချက်တွေမှာ ဒီလက်တာ ကို အရမ်းလှတာပဲ လို့ ချီးကျူးထားကြသလို တချို့မှတ်ချက်တွေမှာလည်း အမြဲတမ်းစတိုင်ကျနေသူ လို့ ချီးကျူးထားကြပါတယ်။
အင်စတာဂရမ်မှာ ပရိသတ် (၆)သန်းကျော်ရှိတဲ့ ဒီလက်တာ က အီတလီနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ Covid-19 ဗိုင်းရပ်စ်ကို အတူပူးပေါင်းကာကွယ်ကြဖို့လိုကြောင်းနဲ့ တတ်နိုင်သမျှ လူစုလူဝေးကို ရှောင်ကြစေလိုကြောင်း ရေးသားသွားခဲ့ပါတယ်။