ဂျူဗင်တပ်စ်အသင်းကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်ကစားသမား မာတွီဒီ တစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရပြီဆိုတဲ့အကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါပြီ။
ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ရူဂါနီ ပြီးရင် မာတွီဒီက ဒုတိယမြောက် ကူးစက်ခံရတဲ့ ကစားသမား ဖြစ်လာခဲ့ပြီး သူ့ရဲ့ ဆေးစစ်ချက်အဖြေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဗိုင်းရပ််စ်ရှိနေကြောင်း အသင်းက အတည်ပြုလိုက်တာပါ။
BREAKING: Juventus midfielder Blaise Matuidi has tested positive for coronavirus. pic.twitter.com/sUXRmpEEA3
— Goal (@goal) March 17, 2020
အသက် (၃၂)နှစ်အရွယ် မာတွီဒီ အနေနဲ့ နိုင်ငံကို ပိတ်ထားတဲ့ အီတလီရဲ့အခြေအနေကြောင့် သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ပြင်သစ်ဆီ ပြန်လို့မရပဲ အီတလီနိုင်ငံတွင်းမှာသာ ကုသမှု ခံယူရမှာပါ။
ဗိုင်းရပ်စ်ကူးစက်သူ (၃၁၅၀၆)ဦး ရှိနေပြီး သေဆုံးသူ (၂၅၀၃)ဦး ရှိနေပြီဖြစ်တဲ့ အီတလီ ရဲ့ အခြေအနေကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ အရမ်းကို သတိထားဖို့ လိုအပ်နေပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်တဲ့အနေအထားပါ။
Juventus and France midfielder Blaise Matuidi has tested positive for coronavirus.
Respect to the Pogba-Kante-Matuidi midfield.Quick recovery to the midfield machine! Get well soon.
pic.twitter.com/WscGR5ZCfS— oballaclinton (@OballaClinton) March 17, 2020
မာတွီဒီ အနေနဲ့ အသင်းဖော် ကစားသမား ရူဂါနီ ဆီကနေ ကူးစက်ခံရတာ ဖြစ်နိုင်သလို တခြားနေရာတွေကနေလည်း ရောဂါကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့ ဂျူဗင်တပ်စ်အသင်းရဲ့ ဆေးအဖွဲ့က ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အီတလီအစိုးရက လူစုလူဝေး လုပ်လို့ရမယ့် နေရာတွေနဲ့ ဆိုင်တွေအကုန်လုံးကို ပိတ်ခိုင်းထားပြီး စတိုးဆိုင်အနည်းငယ်နဲ့ ဆေးဆိုင်အချို့ပဲ ဖွင့်ခွင့်ရတော့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
Blaise #Matuidi has undergone medical tests that have revealed his positivity to the Coronavirus-COVID-19. pic.twitter.com/5Xah7VnMeR
— Soccer24.com (@Soccer24COM) March 17, 2020
စီးရီးအေမှာတော့ ဂျူဗင်တပ်စ်အသင်းနဲ့ အတူ ဖီအိုရင်တီးနား၊ ဆမ်ဒိုးရီးယားအသင်းတို့ရဲ့ ကစားသမားတွေက ဗိုင်းရပ်စ်ကူးစက်မှု ခံထားရပြီး တခြားအသင်းတွေမှာတော့ ဗိုင်းရပ်စ်တွေ့ရှိမှု မရှိသေးဘူးလို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့ဘောလုံးလောက ကိုလည်း အကြီးအကျယ် ဒုက္ခပေးနေပြီး ဥရောပရဲ့ ထိပ်သီးလိဂ်တွေက ကစားသမားတွေပါ ရောဂါကူးစက်မှုခံနေရတာပါ။ ဒီအခြေအနေရဲ့ သက်ရောက်မှုအဖြစ် ယူရို (၂၀၂၀) ပြိုင်ပွဲကိုလည်း (၂၀၂၁)ခုနှစ်အထိ ရွှေ့ဆိုင်းထားရပြီး စီးရီးအေဘောလုံးပြိုင်ပွဲတွေ ပြန်လည်စတင်နိုင်မယ့်အချိန်ကလည်း မရေမရာ ဖြစ်နေခဲ့ပါတယ်။