ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခု တရုတ်နိုင်ငံ ယူနန်ဒေသတွင် အောက်တိုဘာ ၃၁ ရက် နံနက် ၇ နာရီ ၂၆ မိနစ်က လှုပ်ခတ်သွားခဲ့ကြောင်း တရုတ်ငလျင် တိုင်းတာရေးစင်တာ CENC က ထုတ်ပြန်သည်။
အဆိုပါ ငလျင်သည် မြေအောက် အနက်ပေ ၁၀ ကီလိုမီတာ၊ မြောက်လတ္တီကျူ့ ၂၅ ဒသမ ၁ ဒီဂရီ နှင့်အရှေ့လောင်ဂျီကျူ့ ၉၉ ဒသမ ၅ ဒီဂရီ တို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ငလျင်ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ မရှိသေးကြောင်း CENC က ထပ်လောင်းထုတ်ပြန်သွားသည်။