တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ Big Bang အဖွဲ့ဝင် G- Dragon နှင့် Girls’ Generation အဖွဲ့ဝင် တေးယွန်တို့သည် တွဲနေကြောင်း ကောလဟာလများ ‘jjirasi’ အွန်လိုင်းတွင် ပျံ့နှံ့လျက် ရှိသည်။
“G- Dragon နဲ့ တေးယွန်တို့ တွဲနေတယ်ဆိုတဲ့ သတင်းဟာ အခြေအမြစ်မရှိတဲ့ ကောလဟာ လ သတင်းတစ်ပုဒ် ဖြစ်ပါတယ်။ သူတို့နှစ်ဦး တွဲနေတယ်ဆိုတာ မဟုတ်ပါဘူး” ဟု တေးယွန်၏ အေဂျင်စီ SM Entertainment က ပြည်တွင်းသတင်း မီဒီယာတစ်ခုကို ပြောကြားခဲ့သည်။
G-Dragon ၏ အေဂျင်စီ YG Entertainment က ကောလဟာလ သတင်းနှင့် စပ်လျဉ်း၍ ထင်မြင်ချက် ပြောကြားရန် ငြင်းဆိုခဲ့သည်။ Big Bang အဖွဲ့ဝင် G- Dragon သည် ရည်စားဟောင်း ကီကိုမီဇူဟာရနှင့် လမ်းခွဲခဲ့ပြီးနောက် တေးယွန်နှင့် တွဲနေကြောင်း ‘jjirasi’ အွန်လိုင်းက ယခု သီတင်းပတ် အစောပိုင်းတွင် ဖော်ပြခဲ့သည်။
YG Entertainment သည် G- Dragon ၏ ရည်စားဟောင်းဖြစ်သူကို ပါပါရာဇီများ ရိုက်ထား သည့် ဓာတ်ပုံနှင့် ယခုထွက်ရှိနေသော ကောဟာလသတင်းနှင့် စပ်လျဉ်း၍ ထင်မြင်ချက် ပြောကြား ခြင်း မရှိပေ။