ဗိုင်းရပ်စ်ကူးစက်ခံရမှာစိုးလို့ အိမ်မှာပဲနေ နေရတဲ့ တရုတ်နိုင်ငံသားတွေဟာ ကျောင်း တက်တာ ကအစ စီးပွားရေးလုပ်ငန်းနဲ့ အစိုးရလုပ်ငန်းတွေ ကျန်းမာရေး ဝန်ဆောင်မှုတွေကိုပါ အွန်လိုင်း ပေါ်မှာပဲ လုပ်လာကြပါတယ်။ တရုတ်နိုင်ငံဟာ အခုချိန်ထိ ကူးစက်ရောဂါအန္တရာယ်ကို ရင်ဆိုင် နေရဆဲဖြစ်ပြီး တိုင်းပြည်ရဲ့ နေရာအတော်များများမှာ အသွားအလာ ပိတ်ပင်ထားသလို၊ သူ့နိုင်ငံ သားတွေ အိမ်မှာနေပြီး အလုပ်လုပ်ကြဖို့ကို အစိုးရကလည်း တွန်းအားပေးနေပါတယ်။ AFP သတင်းကိုအခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။