ဘာသာရေး လွတ်လပ်ခွင့်နဲ့ မတူကွဲပြားမှုတွေကို နားလည်လက်ခံမှု အားနည်းတဲ့ နိုင်ငံ တခုအဖြစ် ဝေဖန်ခံနေရတဲ့ ပါကစ္စတန်နိုင်ငံမှာ အမျိုးသားတဦးကတော့ အနုပညာ ဖန်တီး မှုတွေကနေတဆင့် လူတွေရဲ့ အစွန်းရောက် အယူအဆတွေ ပြောင်းလာလဲဖို့ ကြိုးစား နေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ လူငယ် ကလေးငယ် ရာနဲ့ချီရဲ့ဘဝတွေကို မြေတောင် မြှောက်ပေးရင်း လူ့အဖွဲ့အစည်းအတွင်းမှာ မတူကွဲပြားမှုတွေကို နားလည်း လက်ခံ တတ်လာအောင် တဖက်တလမ်းကနေ သူက ကြိုးစားနေတာပါ။ ဒီအကြောင်းကိုတော့ ပါကစ္စတန်နိုင်ငံ Karachi မြို့ကနေ ဗွီအိုအေသတင်းထောက် Ayesha Tanzeem ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။